Unicode
Paris မြို့ရဲ့ ရှေးဟောင်း Museumတခုမှာ ဆံပင်ကောက်"လေးနဲ့ကောင်မလေးတယောက် ကင်မရာလေးတလုံးနှင့် နံရံရှိပန်းချီကားများကို ဓာတ်ပုံမှတ်တမ်းယူနေသည်။သူမ ရှေးေဟာင်းပန်းချီတခုကုိ ဓာတ်ပုံရိုက်နေချိန် ရှေးကျသော ဝတ်စုံနှင့် အရပ်ခပ်မြင့်" လူတစ်ဦးက သူမပုခုံးကိုကိုင်လိုက်သည်။သူမလှည့်ကြည့်လိုက်ေသာအခါ ရွှေအိုရောင်ဆံပင်နှင့်မျက်လုံးခပ်မှေး"လူတယောက်ဖြစ်နေသည်။ထိုလူက ကောင်မလေး၏နားကပ်တဖက်ကို ပြန်ပေးနေသည်။ကောင်မလေးလဲ ယခုမှ သူမ၏နားကပ်တဖက်ပျောက်နေတာကိုသတိထားမိသွားပြီး ထိုလူလက်ထဲမှ နားကပ်ကို ယူလိုက်သည်။
"ကျေးဇူးပါရှင့်"
သို့သော် ထိုလူမှာ ဘာမှပြန်မပြောဘဲ မျက်စိတမှိတ်အတွင်းပဲ ပျောက်သွားသည်။ကောင်မလေးလဲ ထိုလူဘယ်ရောက်သွားလဲ ဆိုတာကို အံ့ဩနေသည်။သို့သော်လဲ သူမ စိတ်ထဲမထားတော့ဘဲ ပန်းချီကားများတွင်သာ စိတ်နှစ်လိုက်သည်။ခနအကြာ အလွန်ရှေးကျပြီး လှပလှသော လှေကားများက သူမကိုဆွဲဆောင်နေသည်။ထို့ကြောင့် သူမလဲ လှေကားအဆုံးမှာ ရှိမည့်အရာကို အလွန်သိချင်သွားသည်။သူမ လှေကားထစ်များမှတဆင့် တက်လာခဲ့သည်။လှေကားများက အလွန်ရှည်သည်။၈ မိနစ်ခန့်ကြာတက်လိုက်ရသည်။
နောက်ဆုံးတော့ လှေကားအဆုံးရောက်သွားသည်။လှေကား မည်မျှရှည်သလဲဆိုရင် စတက်ခဲ့တဲ့ လှေကားအစကိုတောင်မမြင်ရတော့ချေ။သူမ ထူးဆန်းတာ တခုခံစားမိနေသည်။ဘေးပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး Museumသို့ လာလည်သော ခရီးသွား တယောက်မျှမတွေ့ရပဲ သူမတယောက်ထဲဖြစ်နေသည်။သူမဘေးပတ်"လည်တွေ တိုင်အဖြူကြီးများကဝိုင်းရံထားသည်။ကော်ဇော အနီကြီးကလဲ သေသပ်လှပလွန်းနေသည်။
ရှေ့ကို နဲ"ဆက်လျှောက်သွားသောအခါ ရွှေအနဲငယ် ပျက်ပျယ် နေပြီဖြစ်သည့် တံခါးကြီးတခုကိုတွေ့သည်။သူမလဲ စူးစမ်းချင်စိတ်ပြင်းပျလွန်းနေတာကြောင့် လက်နှင့်အသာအယာ တွန်းကြည့်လိုက်သည်။တံခါးလဲအနဲငယ်ဟသွားပြီးသူမ အထဲသို့ ဝင်လာခဲ့သည်။အထဲတွင် အေးဆိမ့်နေပြီး အနဲငယ်မှောင်နေသည်။သို့သော် မျက်နှာကြတ်ပေါ်မှ မီးအနဲငယ်ကြောင့် ပတ်ဝန်းကျင်ကိုတော့ကောင်း"မြင်ရသည်။သို့သော် သူမ မူမှန်တာတခု ခံစားနေရတာမို့ ပြန်ထွက်ဖို့ တံခါးရှိရာပြန်လာခဲ့သည်။သို့သော် တံခါးက အပြင်က သော့ခတ်ထားပြီးဖြစ်နေသည်။သူမ အော်ခေါ်ပြီးအကူညီတောင်းသော်လဲ ပတ်ဝန်းကျင်မှာမည်သူမှမရှိနေ။ခနအကြာသူမ အသက်ရှူကျပ်လာပြီးလက်ဖျားများအေးစက်လာကာ လဲကျသွားတော့သည်။
YOU ARE READING
Runaway (GL)
Kurt Adam"ကို့ရဲ့ အပြာရောင်မျက်လုံးတွေက သိပ်နက်နဲတာပဲ ကို့မျက်လုံးတွေကသာAtlantic oceanကြီးဖြစ်ခဲ့မယ်ဆိုရင် ငယ်က Titanic သင်္ဘောကြီးလို နစ်မြုပ်သွားမယ်ထင်ပါရဲ့" GL လေးပါနော် အတိုချုံးပြီးပြောရရင် Royal,Love,Time travel ပေါ့။GL ficတွေကိုမှ ခပ်ဆန်း"လေးနဲ့ ရင်ခ...