အတ္တလွန် အချစ်
အပိုင်း(16)အတ္တက မျက်ခုံးပင့်ပြ၍ မွန်းရဲ့ မျက်နှာအနားသို့ပြန်ကပ်လာ၏။
မွန်းက နှုတ်ခမ်းလေးကိုလက်ဖြင့်ပိတ်ပြီး သူ့ရင်ဘက်ကိုတွန်းလိုက်၍
"တော်ပြီလေ"
"မင်း နမ်းတတ်သွားပြီပဲ ထပ်နမ်းကြည့်ပါ့လား အဲ့ဒီ Feelingက အရမ်းကောင်းတယ် "
မွန်းမှာတော့ ရှက်လို့ နှုတ်ခမ်းလေးကိုဖိကိုက်ပြီး မျက်နှာကို သူ့ရင်ဘက်နဲ့ကွယ်ထားရသည်။
ပြန်နမ်းလိုက်မိတာကို ရှက်လိုက်တာ။
ရှင် သိပ်ကျွမ်းကျင်လွန်းတာပဲ ။"ဘာလို့ခေါင်းကြီးမတင်းငုံ့ထားတာလဲ ကိုယ့်ကိုကြည့်ပါဦး"
မွန်းရဲ့ မျက်နှာကိုသူကအတင်းလိုက်ငုံ့ကြည့်နေသောကြောင့် မွန်းကသူမပုခုံးတွေကိုကိုင်ထားသော သူ့လက်တွေကိုဖယ်ချပြီး
"တော်ပြီ ဖယ်တော့ ကျွန်မ အအေးပတ်ပြီးဖျားတော့မှာ အင်္ကျီသွားဝတ်ရဦးမယ်"
"အခုလည်း ကိုယ့်အင်္ကျီဝတ်ထားတာပဲ"
သူက သူမဝတ်ထားတဲ့ သူ၏ရှပ်အင်္ကျီကိုကြယ်သီးတွေလိုက်တပ်ပေး၍ပြောလိုက်သည်။
"မပူပါနဲ့ ရှင့်အင်္ကျီကို ပြန်လျော်ပေးမှာပါ "
ဟု မွန်းကဂျိုကြည့်ကြည့်ကာပြောလိုက်တော့
"မလိုပါဘူး အပိုင်ပေးတယ် ""ဖယ်ပါတော့ ကျွန်မ အခန်းထဲပြန်တော့မယ် "
"ဒီမှာ ပိုနွေးအောင်လုပ်ပေးမယ် ခုနကလိုမျိုး"
မွန်းကို ခါးကနေပြန်ဆွဲကာ လည်ပင်းနားမှာသူ့နှာခေါင်းတို့ဖြင့် တိုးဝှေ့နေပြန်တော့
"ကျစ် တော်ပါတော့ဆိုနေ နှာဘူးကြီး"
"ဟမ်?"
သူ့ခေါင်းကို တွန်းဖယ်ရုန်းရင်း နှုတ်မှထွက်လာတဲ့ နာမ်စားတစ်ခုကြောင့် အတ္တ ပြုံးစိစိနှင့်...
"ဘာလို့အဲ့လိုကြီးပဲခေါ်နေတာလဲ"
"မဟုတ်လို့လား ကျွန်မတွေ့ရင်ပွတ်သီးပွတ်သပ်နဲ့ နမ်းဖို့လောက်ပဲသိတာ "
YOU ARE READING
အတ္တလွန်အချစ် (OC) Completed
Romance"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...