အတ္တလွန် အချစ်
အပိုင်း(36)ဘာမှပြန်မပြောတဲ့ သူမကြောင့် နောက်တစ်ကြိမ်ပြောဖို့ထပ်ဆုံးဖြတ်ကာ
"ကိုယ်တို့လက်ထပ်ရအောင် မနက်ပဲ အားလုံးပြင်ဆင်ဖို့အတွက် အလင်းကို ပြောထားတယ်"
"ဘယ်သူက ရှင့်ကိုလက်ထပ်မယ်ပြောလို့လဲ"
လက်ပိုက်ထားသည့်သူမက သူ့ဘက်သို့မျက်နှာချင်းဆိုင်လှည့်လာ၍ ပြောလိုက်တဲ့အခါ
"ကိုယ် အဲ့သလောက် တာ၀န်မဲ့တဲ့ယောက်ျားမဟုတ်ဘူး Baby!"
မွန်းဟာ နှုတ်ခမ်းတွေကို ကျကျနနမဲ့ပစ်လိုက်သည်။
"ကျွန်မ လက်မခံဘူး "
အတ္တသည် မျက်ခုံးတွေကွေးညွတ်သွားကာ
"မင်းနဲ့ကိုယ်နဲ့ မနေ့ညက ဘယ်အဆင့်ထိရောက်သွားခဲ့ပြီးပြီလဲ မင်းသိတာပဲ"မွန်းဟာ တစ်ဖက်သို့ ငေးလိုက်၍
"ရှင်နဲ့ အဲ့ဒီအဆင့်ထိရောက်ခဲ့တဲ့မိန်းမတွေကကျွန်မတစ်ယောက်တည်းမဟုတ်ဘူးထင်တာပဲ"
"မတူဘူး Baby ! "
ချက်ချင်းပြန်ပြောလိုက်၍ ဆံပင်တွေကိုထိုးဖွလိုက်ပြီး
"တကယ်လို့ မင်း မှာ ကိုယ်၀န်ရှိလားခဲ့ရင် ဘယ်လိုလုပ်မလဲ မင်းနဲ့ကိုယ်လက်ထပ်မှဖြစ်မယ်"
မွန်းသည်သူ့စကားတွေကို တကယ်ပဲဟားတိုက်ပြီးရယ်ပစ်လိုက်ချင်သည်။ မွန်းသူ့ကို တစ်ချက်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာဟာ အရင်ကလောက်သွေးအေးနေခြင်းမရှိ။
"ဖျက်ချ လိုက်မှာပေါ့!"
မွန်းသည် နှုတ်ကနေ ထိုစကားလေးကို ခပ်တိုးတိုးလေးနဲ့အေးဆေးစွာပြောလိုက်ပေမဲ့ အတ္တမှာအံ့သြမိသလို ယုံလည်းမယုံနိုင်ပါ။ စိတ်တွေရှုပ်ထွေးသွားကာ
"မင်း ဘယ်လိုပြောလိုက်တယ် မွန်း
ဖျက်ချမယ် ဟုတ်လား?"မွန်းရဲ့မျက်နှာကိုလိုက်ပြီးငုံ့ကြည့်၍ဖြေးရှင်းချက်တောင်းနေတဲ့သူ။
"မကြားလို့လား ဟုတ်တယ် ဖျက်ချမယ် ကျွန်မဘက်က မလိုချင်ပဲဖြစ်လာတဲ့ကိစ္စပဲ ဘာလို့ရှင့်လိုလူယုတ်မာဆေးသမားတစ်ယောက်ရဲ့ ကိုယ်ဝန်ကို ကျွန်မဝမ်းမှာလွယ်ရမှာလဲ "
YOU ARE READING
အတ္တလွန်အချစ် (OC) Completed
Romance"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...