အတ္တလွန် အချစ်
အပိုင်း(20)"အဲ့တာ ဘယ်လဲ"
မွန်းက သူ့ကိုကျောခိုင်းလိုက်လျှင် သူ့အသံက ယခင်ကထက်ပို၍ခက်ထန်လာ၏ ။"မနက်စာ သွားစားမလို့"
"ဒေါ်တင် ကိုယူလာခိုင်းလိုက် ဒီမှာစား"
သူမကိုမျက်စိအောက်ကပင်အပျောက်မခံနိုင်။
မွန်းက အောက်နှုတ်ခမ်းလေးကို ကိုက်၍ သူ့ကို မျက်ရည်ကြည်မျက်လုံးတွေနဲ့ကြည့်ပစ်လိုက်သည်။
ထို့နောက်အခန်းတံခါးဖွင့်လိုက်ပြီး ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။"မေတင် မွန်းတို့၂ယောက်အတွက် မနက်စာလေးယူခဲ့ပေးပါနော် "
အိမ်ကြီးကကြီးမားကျယ်ပြန့်သော်လည်း အရမ်းတိတ်ဆိတ်သည်မို့ ကြားနိုင်လောက်ပါသည် ။
ထို့နောက် သူမသည် သူထိုင်နေသည့်ကုတင်ဘေးက ဗီရိုထဲမှ လည်ပင်းအထိလုံသော ဂါ၀န်တစ်ထည်ကိုထုတ်ယူလိုက်ပါသည်။
မနေ့က သူအားရပါးရကိုက်ထားတဲ့ သွေးခြေဥနေသောအကွက်ကြီးကိုသူများတွေမမြင်စေလိုပါ။မွန်းက ရေချိုးခန်းဘက်သို့ခြေဦးလှည့်သွားရာ
"ဘာလုပ်မလို့လဲ"သူ့အမေးကြောင့် သက်ပြင်းရှိုက်လိုက်ပြီး
"ကျွန်မ ဘာလုပ်လုပ် ရှင့်ကိုအားလုံးအစီရင်ခံနေရမှာလား "
"ဖြစ်သင့်တဲ့အရာပဲလေ ""ကျွန်မဘ၀ကိုရှင်မှမပိုင်တာ"
"အခုချက်ချင်းပိုင်အောင်လုပ်လိုက်လို့ရတယ် မေမီမွန်း ငါဒဏ်ရာရထားလို့ဆိုပြီး ရောင့်တက်မနေနဲ့ ""ရှင် တကယ်မုန်းဖို့ကောင်းတာပဲ"
"မင်းကိုဘာလုပ်မလို့လဲလို့မေးနေတယ်လေ"
"ရေချိုးမလို့ "
မွန်းက စောင့်အောင့်၍ ရေချိုးခန်းတံခါးကို အသံမြည်အောင်ပိတ်ပစ်လိုက်၏ ။အတ္တသည် သူမ၀င်သွားပြီးမှ ကိုယ့်အင်္ကျီကို
လှန်ကြည့်မိရာ ဒဏ်ရာချုပ်ရိုးပေါ်က သွေးစို့နေတာ မတိတ်သေးပါ ။"အ..."
ဒီလောက်နဲ့တော့မသေနိုင်ပါဘူး ဟု တွေး၍ အတ္တ အင်္ကျီကိုပြန်ဖုံးပြီး ဘာမှမဖြစ်သလိုပဲ နေလိုက်၏။

أنت تقرأ
အတ္တလွန်အချစ် (OC) Completed
عاطفية"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...