အတ္တလွန်အချစ်
အပိုင်း (28)မီးရောင်တထိန်ထိန်နဲ့ ပါရီမြို့ရဲ့ညရှုခင်း ကို ဟိုတယ်၀ရန်တာမှထွက်ကာ ရှုစားရင်း
"Baby!" ဆိုတဲ့ သူ့ခေါ်သံကိုကြားလိုက်သည်။"ဟင်!"
မထူးစဖူးပြန်ထူးပြီး အထဲ၀င်လာလျှင် သူက မွန်းကို မွေ့ယာပေါ်မှာတင်ပေးထားနဲ့ ဂါ၀န်အနီရောင်လေးကို မျက်စပစ်ပြသည်။"သွားလဲချေ"
သူဟာအနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ထားပြီး လည်ပင်းမှာတောင်ဖဲပြားကလေးတပ်ထားပါသေးသည်။သူကတော့ ရှိုးအပြည့်နှင့်အသင့်ဖြစ်နေပြီ မွန်းကို သိပ်အကြပ်ကိုင်တာပဲ။ သူအကုန်လုံးပြီးစီးမှ ပဲ အ၀တ်လာလဲခိုင်းတယ်။
"သွားပါလဲချေပါ ကိုယ်က အီဖယ်လ်မျှော်စင်ကိုခေါ်သွားမလို့"
စောနကမွန်း ဝရန်တာကနေငေးနေတဲ့ အီဖယ်လ်မျှော်စင်ကြီးကိုခေါ်သွားမယ်ဆိုတာကြားလိုက်တော့ ရင်တွေခုန်သွားရသည်။
"ဟင်!"
"အင်း မြန်မြန်သွားလဲ ကပွဲစနေလောက်ပြီ"သူ့အပြောကြောင့် မွှေ့ယာပေါ်ကဂါဝန်ကလေးကိုရင်မှာပိုက်ကာ မွန်းလည်း ရေချိုးခန်းထဲပြေး၀င်သွားလိုက်ရသည်။ ပြန်ထွက်လာသည့်အခါ ခြေသလုံးအလယ် ဂါ၀န်အနီလေးမှာ ကျောဘက်က လှစ်ဟာနေသဖြင့်
"မနေတတ်ဘူး ကျောမလုံသလိုပဲ"
သူမက နောက်လှည့်ကြည့်လှည့်ကြည့်နှင့် သူ့ကျောပြင်ဖြူဖြူလေးကိုပဲလက်ဖြင့်မမှီတမှီကွယ်နေတာမို့
"ကိုယ်ဖက်ထားပေးမှာပေါ့ "
ဆိုပြီး သူက မွန်းရဲ့နောက်ကနေ ပုခုံးပေါ်မှသိုင်းဖက်ထားလိုက်သည်။စုသိမ်းပြီးထုံးဖွဲ့ထားသော ဆံပင်ရှည်ရှည်လေးတွေအား အတ္တက အသာအယာ ဖြေချပေးလိုက်တော့
"ဟင် ဘာလုပ်တာလဲ ပွကုန်အောင်လို့"
မွန်းက နောက်ကနေသူ့ကိုလှည့်ကြည့်လာသည်။"လှတယ်"
ဆို၍ သူကပဲ ဆံပင်တွေကိုအသာလေးဖိပြီး ကျောပြင်ဖွေးဖွေးလေးကို သူမရဲ့ဆံပင်နီတွေနဲ့ဖုံးပေးလိုက်ပါသည်။

ŞİMDİ OKUDUĞUN
အတ္တလွန်အချစ် (OC) Completed
Romantizm"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...