အတ္တလွန် အချစ်
အပိုင်း(19)ရှင် တန်ဖိုးမထားတတ်ဘူးမဟုတ်လား။
မိန်းကလေးတွေကိုတန်ဖိုးမထားတတ်ဘူး။
ရှင့်ရဲ့ဆွဲဆောင်နိုင်လွန်းတဲ့ခဲရောင်မျက်လုံးတွေ
အနမ်းကျွမ်းကျင်နဲ့ နှုတ်ခမ်းတွေ နဲ့ မွန်းကိုပြုစားသလို ဘယ်နှစ်ယောက်တောင်ပြုစားခဲ့ပြီးပြီလဲ။ ကြောက်တယ် ရှင့်ကိုချစ်ရမှာကို မွန်း သိပ်ကိုကြောက်တယ်။အတ္တဟာ ငြိမ်သက်နေတဲ့ သူမ မျက်နှာပေါ်မှာ အတွေးတွေအများကြီးရှိနေမှန်း သတိထားမိပါသည်။
ဖြူဖက်ဖက်အတ္တရဲ့နှုတ်ခမ်းတွေက သူမရဲ့မျက်ရည်စက်ကလေးများနားခိုရာ ပါးပြင်ရဲရဲလေးပေါ်မှာတံဆိပ်အကြိမ်ကြိမ်ရိုက်ခက်ပြီးသူမရဲ့နားရွက် နဲ့ နားထင်တွေမှာ သူ့ရဲ့၀င်သက်ထွက်သက်တွေ ယှက်ပြေးနေ၏။
မွန်းသည် သူ့ကိုလုံး၀လှည့်မကြည့်ပဲ
အံကြိတ်ကာ ငြိမ်နေလိုက်သည် ။
အရွဲ့တိုက်ခြင်းဆိုတာသူသိပါစေ။အတ္တ သူမရဲ့နားထဲကို 'ဟူး´ ကနဲလေမှုတ်လိုက်သည့်အခါ မွန်း တွန့်သွား၏။
"စိတ်မကောက်ပါနဲ့ "
သူ့အနားမှာနေရာတာဟာ မွန်းရင်ထဲမှာ တလှပ်လှပ်နဲ့ ရိုလာကိုစတာစီးရသလိုပဲ ။
"ကိုယ့်ကို မေ ကဆေးသောက်ခိုင်းသွားတယ် မဟုတ်လား ကိုယ့်ကိုဆေးတိုက်ပါဦး"
မွန်းက မျက်လုံးစွေကြည့်၍ အမြင်ကပ်လိုက်တာ ။
"ကိုယ့်ဟာကိုယ်သောက်ပေါ့ ရှင့်ရဲ့မေ စကားကိုနားထောင်လိုက်ပါ"
"ယူပေး ကိုယ်မကုန်းနိုင်ဘူး"
စားပွဲကလည်းမွန်းဘေးမှာမဟုတ်လား ။
သူ့ဒဏ်ရာကြီးနဲ့မို့ မွန်းကယူပေးလိုက်ပါသည်။"ရော့"
"မေ ကဆေးနည်းနည်းလေးပဲပေးခဲ့တာလား"
"မေ မေ နဲ့ တအားကို ပဲ သွားခေါ်လိုက်ပါ့လား"
မွန်းသည် အမြင်ကပ်ကပ်နှင့်ပြောလိုက်သည့်အခါ
"မင်းကိုလည်း မွန်း လို့ခေါ်တာပဲလေ"
"ဟွန့် တစ်ခါတစ်လေများ"
YOU ARE READING
အတ္တလွန်အချစ် (OC) Completed
Romance"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...