Part (40) Uni/Zawgyi

43.1K 1.1K 94
                                    

အတ္တလွန် အချစ်
အပိုင်း(40)

အလင်းက သူ့သခင်လေးအစား အားလုံးကို ရှင်းပြလိုက်သည့်အခါ မွန်းသည် အလင်းကို ကြေကွဲစွာကြည့်နေသည်။

"မမလေး တကယ်ပဲကိုယ်၀န်ကိုဖျက်ချလိုက်တာလား အဲ့တာဆိုရင်တော့ မမလေး အရမ်းမိုက်မဲရာကျတာပဲ
တောင်းပန်ပါတယ် သခင်လေးရဲ့ဇနီးလောင်းကို ဒီလိုမပြောသင့်ပေမဲ့ သခင်လေးက အခုတလောမှာ မမလေးအတွက်ဘယ်လောက်တွေးပေးနေခဲ့သလဲဆိုတာ ကျွန်တော်အသိဆုံးပါ"

ထိုအခါ မွန်းသည် ခေါင်းကိုခါရမ်းလိုက်ကာ
"ဟင့်အင်း ဟင့်အင်း ရှင်လည်းစဉ်းစားကြည့်ပါ အလင်း မိခင်လောင်းတစ်ယောက်က သူ့သားသမီးကိုဘယ်လိုနည်းလမ်းနဲ့ သတ်ပစ်နိုင်မှာလဲ အဟင့် ကျွန်မ က ကလေးကိုဖျက်ချမတဲ့လား ရှင့်ရဲ့သခင်လေးကသာ အဲ့သလိုမေးရက်နိုင်ခဲ့တာ ကျွန်မ ဘယ်လောက် နာကျင်ရလဲ သိလား ကလေးလည်းဆုံးရှုံးရတယ် ပြီးတော့ ......သူဆေးဖြတ်နေတယ်ဆိုတာလည်းအခုမှသိရတဲ့အပြင် အခု သူက ဆေးပြန်ချတယ်!"

မွန်းက ရင်ဘက်ကိုထုကာ မျက်ရည်တွေဒရဟောကျလာသည်မို့ အလင်း လည်းစိတ်မကောင်းဖြစ်စွာ သခင်လေး အထင်လွဲနေတယ်ဆိုတာသိလိုက်ရသည်။

"မမလေးက ဘာလို့ ရှင်းမပြခဲ့တာလဲ "

"သူတောင် ထင်ရက်နိုင်သေးတာပဲ အလင်းရယ် ကျွန်မကဘာကိုရှင်းပြနေရမှာလဲ ပြီးတော့ ဒီကိစ္စက ကျွန်မသူ့ကိုတွေ့ချင်စိတ်နဲ့လောပြီး ဖြစ်သွားတာပါ သူ့ဆီကိုဆင်းလာရင်း လှေကားပေါ်ကမတော်တဆပြုတ်ကျသွားတာ "

အလင်းသည် မွန်း ကို သနားသလို ကြည့်လိုက်ပြီး
"မမလေး သခင်လေးအပေါ်မှာစိတ်ရှိသေးတယ်မဟုတ်လား "

"ဟင့်အင်း ကျွန်မသူ့ကို စိတ်ကုန်ပြီ အလင်း လွန်ခဲ့တဲ့ ၂လကျော်ကပဲ သူ့အပေါ်မှာ အချစ်တွေအားလုံးရုတ်သိမ်းလိုက်ပြီ  သူ့အပေါ်မှာ ကျန်နေတဲ့အလွမ်းစိတ်အချို့လည်းမကြာခင်ကပဲပျောက်ကွယ်သွားပြီ"

"မမလေးက သခင်လေးကို တကယ်ပဲနာကျင်စေချင်တာလား "

"အဟွန့် ကျွန်မခံစားရသလို သူပြန်ခံစားကြည့်ပေါ့ ရှင်လည်း ပြောချင်တာပြီးပြီ သိချင်တာလည်းသိပြီးပြီ မဟုတ်လား သွားပါတော့ အလင်း"

အတ္တလွန်အချစ် (OC) CompletedDonde viven las historias. Descúbrelo ahora