အတ္တလွန် အချစ်
အပိုင်း(1)"အား..... စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
"ဟဲ့ ဟဲ့ ဘာဖြစ်လာတာလဲ ပုံစံကိုလည်းကြည့်ပါဦး ရစရာကိုမရှိဘူး"
ဖုန်းတစ်လုံးကိုင်၍ တစ်ယောက်တည်းပေါက်ကွဲနေသောမိန်းကလေးအား အိပ်ခန်းထဲမှထွက်လာသော အခြားမိန်းကလေးတစ်ဦးမှမေးလိုက်ခြင်းဖြစ်သည်။"အဲ့တာတရားသလား နဒီရဲ့"
အိပ်ခန်းထဲမှထွက်လာသည့်နဒီဆိုသောမိန်းကလေးဘက်သို့လှည့်ကာ မျက်နှာငယ်လေးနှင့်ဆိုသည်။"ဟင် ဘာကိုလဲ"
"ဒီမှာကြည့် အဲ့တာကိုသေချာကြည့်"
သူမ၏လက်ထဲမှဖုန်းကိုထောင်ပြလိုက်ရာ
နဒီလည်း သေချာယူကြည့်လိုက်ပြီး"ဟယ်...... ငါ ပါတယ် ငါအင်တာဗျူးအောင်တယ်တော့ ဟိဟိ"
နဒီဟာ ရုတ်တရက်ထအော်ပြီးခုန်လိုက်တော့ သူမက မျက်မှောင်ကုပ်၍မော့ကြည့်သည်။"နင်က ဘာလို့ပျော်နေတာလဲ ငါငိုလိုက်မှာနော် ငါမှမပါတာ"
"အယ်....ဟုတ်သားပဲ ဆောရီး ဆောရီး သူငယ်ချင်းလေး "
နဒီက သူမထိုင်နေသော ဧည့်ခန်းထဲမှနှစ်ယောက်ထိုင်သစ်သားခုံပေါ်သို့အတူထိုင်ကာ သူမကိုနှစ်သိမ့်ပွေ့ဖက်လိုက်သည်။
"စိတ်မညစ်ပါနဲ့ နောက်တစ်ခုထပ်ဖြေမှာပေါ့"
"ဟင့်... ဟင့်...ဟီး... ငါဖြေနေတာ အခု၂၀မကတော့ဘူး ဘာလို့ ငါ့ကိုမရွေးတာလဲ ဟင့် .. "
နှစ်သိမ့်ပေးလိုက်ရာမှပိုလို့ဝမ်းနည်းလာသောသူမသည်သူငယ်ချင်းနဒီရဲ့ပုခုံးပေါ်မှာငိုချမိလေသည်။
" အဟင့်...အမေကလည်း ကောင်းကင်ကနေဒီတိုင်းကြည့်နေတော့မှာလား အဟင့်....."
လွန်ခဲ့သော၃နှစ်မှဘဝတစ်ပါးသို့ကူးပြောင်းသွားသောအမေဖြစ်ကိုတမ်းတကာငိုကြွေးလေတော့ သူငယ်ချင်းနဒီက သူ့ပုခုံးပေါ်ကသူမကိုငုံ့ကြည့်ပြီး
"အသံပြဲကြီးနဲ့ ဘာလို့ ပိတ်အော်နေတာလဲ စောစောစီးစီး ဘေးအိမ်တွေခဲနဲထုလိမ့်မယ်"
ငယ်ငယ်ကတည်း သူငယ်ချင်းနဒီ့အိမ်မှာသာကြီးပျင်းခဲ့ရသူဖြစ်သည်။
KAMU SEDANG MEMBACA
အတ္တလွန်အချစ် (OC) Completed
Romansa"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...