Part (39) Uni/Zawgyi

43.5K 1.2K 140
                                        

အတ္တလွန် အချစ်
အပိုင်း(39)

မွန်းသည် မျက်လုံးတွေမှေးမှိတ်ထားကာ မှန်ပြတင်းနားတွင် မှီရပ်နေရင်း သူမရဲ့မပူသေးတဲ့ဗိုက်ချပ်ချပ်လေးကို လက်ဖြင့် အုပ်ကိုင်လိုက်လျှင် မျက်ရည်ပူပူတွေကစီးကျလာသည်။

"ဟင့်  ဟင့် အဟင့်"
သူ့ကိုဖျက်ချပစ်မယ်လို့ပြောခဲ့ပေမဲ့  တကယ် ကိုယ်၀န်လွယ်လာရသည့်အခါ ဖျက်ချဖို့ဆိုတာကိုလုံးဝမလုပ်ဝံ့တော့ပါ။

လူ့လောကထဲသို့ မိမိအားမှီတွယ်ပြီးရောက်လာမယ့် လူမမည်ကလေးတစ်ယောက်ကို ဘယ်လိုသတ္တိမျိုးနဲ့သတ်ပစ်ရဲပါ့မလဲ။

ပြီးတော့ တခြားမဟုတ်ဘူး မွန်းရဲ့ဗိုက်ထဲမှာသန္ဓေတည်နေတဲ့ မွန်းရဲ့အသွေးအသား။ သူ့ကိုဘယ်လောက်ပဲစိတ်နာစိတ်နာ ဘာမှအပြ စ်မရှိတဲ့ ကလေးကို မွန်းမုန်းပါဘူး။

ကလေးကိုမလိုချင်ခဲ့ပေမဲ့ ရောက်လာပြီးမှတော့ ရင်ဆိုင်ဖို့ပြင်ဆင်ထားရမှာပေါ့။ ကလေးတစ်ယောက်ရဲ့မိခင်ဖြစ်ဖို့ အဆင်သင့်လည်းမဖြစ်သေးသလို ကြောက်လည်းကြောက်နေမိတယ်။ မွန်းကိုယ်တိုင်တောင်အမေ့မေတ္တာငတ်ခဲ့ရတာမဟုတ်လား။ မွန်းရဲ့ရင်သွေးလေးကိုတော့အဲ့ဒီလိုမဖြစ်စေချင်တာအမှန်ပါ ။

ကိုယ်တိုင်ဘာမှအသင့်မဖြစ်သေးပဲ ရုတ်တရက်ကြီးမိခင်တစ်ယောက်ဖြစ်လာရတော့မယ်။ ဒါတွေအားလုံး သူ့ကြောင့်...မွန်းရဲ့ဆန္ဒမပါဘဲကျူးလွန်ခဲ့တဲ့သူ့ကြောင့်....

ကျွီ......

ကားရပ်တဲ့အသံကြားတဲ့အခါ မျက်လုံးကိုဖွင့်ကြည့်လိုက်လျှင်

သူ  သူပဲပေါ့ ဒီလိုကားဘရိတ်ကိုစောင့်အုပ်တတ်တာ ဒီလောက်ကားမောင်းကြမ်းတာ သူပဲရှိတာ။

မွန်းကို သူ့စိတ်ကြိုက်ကျူးလွန်ဆက်ဆံခဲ့ပြီး အဝေးကိုထွက်သွားတယ်။ ၂လကျော်လောက်အဆက်အသွယ်ဖြတ်ပြီး အခုတော့ပြန်ပေါ်လာပြီပေါ့။

မွန်းသည် ချက်ချင်းဘဲ အခန်းထဲကနေထွက်လာရင်း ခေါင်းထဲမှာမိုက်ကနဲနေအောင်မူးသွားရသည်။ အစကတည်းကချူချာတဲ့သူဖြစ်တဲ့အပြင် ၂ရက်လောက်အစားကောင်းကောင်းမဝင်ဘဲ ရှော့ဖြစ်စရာကိစ္စကလည်းလောလောလတ်လတ်သိထားရကာ လူကသိပ်မဟန်ချက်ပါ။

အတ္တလွန်အချစ် (OC) Completedحيث تعيش القصص. اكتشف الآن