အတ္တလွန် အချစ်
အပိုင်း(4)အတ္တက သူမရဲ့မေးဖျားကို ကြမ်းတမ်းစွာဆွဲမော့ယူထားသဖြင့် မျက်နှာချင်းက သိပ်နီးကပ်လွန်းသည်။
သူမရဲ့မျက်ဝန်းစိမ်းတွေကအကြည့်စူးစူးများကို အတ္တလုံးဝမနှစ်သက်ပါ။
"မင်းအကြည့်ကိုအခုချက်ချင်းပြင်လိုက်"
သူမက နှုတ်ခမ်းတွန့်ပြရင်း အစိမ်းရောင်မျက်၀န်းဖြင့်သာ ကြည့်မြဲ ဖြစ်သည်မို့
အတ္တကပဲ သူ့အကြည့်တွေကိုအောက်စိုက်ကာ လွှဲပစ်လိုက်ရသည်။မျက်လုံးမဟုတ်ဘဲ နှုတ်ခမ်းကိုအမှတ်တမဲ့မြင်လိုက်ရသည့်အခါ တစ်ချိန်လုံးဖိကိုက်ထားသည့် အောက်နှုတ်ခမ်းလေးက စိုစိုရဲရဲဖြစ်နေပြီး သူ့ကိုနမ်းဖို့ဖိတ်ခေါ်နေသယောင် အတ္တရဲ့စိတ်တွေကို အထိန်းအချုပ်မဲ့စေသည်။
ရုတ်တရက်ဆိုသလို အတ္တဟာ သူမရဲ့ နှုတ်ခမ်းရဲရဲလေးကို သူ့နှုတ်ခမ်းအစုံဖြင့်
စုပ်ယူနမ်းရှိုက်လိုက်သည့်အခါ သူမက သူ့ရင်ဘက်ကို တဗုန်းဗုန်းထုရင်း သူမနှုတ်ခမ်းတွေကို တင်းတင်းစိပိတ်ထားသည်မို့ အတ္တက ခဏရပ်တန့်လိုက်ပြီး သူမရဲ့မေးဖျားကိုပိုမိုကြမ်းတမ်းစွာဆွဲလိုက်သည်အခါ ခပ်ဟဟဖြစ်သွားသည်မှ သူကျေနပ်သလို
နှုတ်ခမ်းတစ်လွှာချင်းကို နမ်းရှိုက်ပစ်လိုက်ပါသည်။သူမကို မွေ့ယာပေါ်သို့ပစ်လှဲလိုက်ပြီး
သူ့ကိုအတင်းတွန်းနေသည့် လက်၂ဖက်ကို အတ္တက သူ့လက်တစ်ဖက်တည်းဖြင့် ထိန်းချုပ်ထားလိုက်၏။"အွန်း.... အင်း.... အွန့်..... အင့် "
သူမကသူ့အောက်ကနေ ခေါင်းတွေခါရမ်းပြီး တွန့်လူးရုန်းကန်နေပါသော်လည်း အိစက်နေတဲ့နှုတ်ခမ်းလေးဆီကနေလုံးဝမခွာချင်ပါ။မင်း ဘာ့ကြောင့် ငါ့ကိုဆွဲဆောင်နေရတာလဲ?
သူမဟာနှုတ်ခမ်းများကို စိပိတ်ပစ်လိုက်ချင်ပေမဲ့ သူ့နှုတ်ခမ်းတွေက မွန်းရဲ့နှုတ်ခမ်းနှစ်လွှာကြားမှ ကြားခံနယ်တစ်ခုလိုနေရာယူနေသည် ။"သခင်...."
"မိန်းကလေး.."
အခန်းတံခါးဖွင့်ထားသည်မို့ဒေါ်မေတင်နှင့်အလင်း သူတို့၂ယောက်ရဲ့ ဖြစ်တည်မှုပုံစံကြောင့် စကားလုံးတွေ ထစ်အစွာ ခေါင်းငုံ့၍နောက်သို့ပြန်လှည့်သွားကြသည်။
![](https://img.wattpad.com/cover/288373131-288-k256611.jpg)
VOCÊ ESTÁ LENDO
အတ္တလွန်အချစ် (OC) Completed
Romance"စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လွယ်လိုက်တာ မင်းပေါ့ မင်းကိုမနမ်းဖူးခင်အထိ ကိုကင်းက ကိုယ့် Favorite မင်းနှုတ်ခမ်းတွေနဲ့ယှဉ်ရင်တော့ ဘာအေရးပါမှာလဲ" Mautre on Uni/Zawgyi "စီးကရက်နဲ့ကျွန်မ ရှင်ဘာကိုပိုကြိုက်လဲ" "လြယ္လိုက္တာ မင်းပေါ့ မင်းကိုမနမ...