ကျွန်တော် မင်းထင်နဲ့ ကွာရှင်းပြီးတော့..
ကံတရားဆီမှာ ကတိတစ်ခုပြုခဲ့တယ်..
အဲဒါက..
ကျွန်တော် မင်းထင်ကို ထပ်မချစ်တော့ပါဘူးလို့...
>>>>>>>>
__ ၅နှစ်ခန့်ကြာပြီးနောက် __
[မှူးသာခန့်]
နူးညံ့လှသော အိပ်ယာပေါ်မှာ အိပ်နေမှန်း ကျွန်တော် သတိပြုမိလိုက်သည်..။ မျက်လုံးတို့က ဘယ်လိုမှ ဖွင့် လို့မနိုင်ဘဲ လေးလန်နေခဲ့သည်..။ အသိတို့က ကပ်လိုက် ကွာလိုက်နှင့် တစ်ကိုယ်လုံး ထုံထိုင်းနေလေသည်..။
ထိုအချိန်..ရုတ်တရက် ခန္ဓာကိုယ်ပေါ်သို့ တစ်စုံတစ် ယောက်က တက်ခွလိုက်သလို ခံစားလိုက်ရပြီး လည် ပင်းတစ်ဝိုက်ကလည်း တင်းကျပ်လာသလို ခံစားလိုက်ရ သည်...။
အစ်..အစ်...
ဟုတ်တယ်..၊ လည်ပင်းအစ်နေတာ..။ တစ်စုံတစ် ယောက်က ကျွန်တော့်လည်ပင်းကို ညှစ်နေတာ..။
ကျွန်တော့်ကို တစ်ယောက်ယောက်က ဆေးခတ်ထား သလိုပဲ..၊ ခန္ဓာကိုယ်ထဲက အားတွေက ထုတ်ယူလို့မရဘဲ လေးကန်နေသည်..။
သို့သော် ကျွန်တော် ကြိုးစားပြီးတော့ လက်ကို အားပြု ကာ ညှစ်နေသည့် ထိုလူ၏ လက်ကို တစ်ဖြန်းဖြန်းနှင့်
ရိုက်မိလေသည်..။အစ်..အစ်..
မလွတ်သည့်အဆုံး ကျွန်တော် ထိုလူ၏ ကျောကုန်းကို တံတောင်ဖြင့် ထောင်းချပစ်လိုက်သည်..။
တော်သေးတယ်..၊ ထိုလူ ကျောတစ်ချက် ကော့သွားပြီး ကျွန်တော့်လည်ပင်းကို ညှစ်နေသည့်အားက လျော့သွား သည်..။ ကျွန်တော်လည်း အားလျော့သွားသော ထိုလူ့ ကို အားနဲ့ တစ်ချက်ကန်ချပစ်လိုက်ပြီး ထွက်ပြေးဖို့ ကြိုး စားတော့သည်..။
လေးကန်နေသော မျက်လုံးကို ကြိုးစားပမ်းစား ဖွင့် ကာ ကုတင်ပေါ်က ဆင်းတော့ မတ်တပ်ရပ်ဖို့ အားမရှိတော့ ဘဲ ကြမ်းပြင်ပေါ် ခွေလဲကျသွားသည်..။
ဘယ်နေရာလဲ..၊ ငါဘယ်နေရာ..ရောက်နေတာလဲ..။
အခန်းတစ်ဝိုက်ကို ကျွန်တော်လှည့်ကြည့်လိုက်တော့ ပရိဘောဂအပြင်အဆင်ထားသည့်နေရာက ကျွန်တော် ရင်းရင်းနှီးနှီးနဲ့ကို တွေ့ဖူးနေတယ်..။ ဟုတ်တယ်..၊ တော်တော်လေးကို ရင်းနှီးနေတယ်..။
YOU ARE READING
လိုသုံး (Season-2)[Completed]
Romanceရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... #This fiction is written with both Unicode and Zawgyi. Started- 💞💞24.10.2021�...