[မှူးသာခန့်]
"မှူး..ကိုတို့ကလေးယူကြမလား.."
ဒုတိယမ္ပိ ထပ်မေးလာသော ထိုမေးခွန်းကို အခုတစ်ခါ တော့ ကျွန်တော် တုန့်ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်မိ သည်..။
မင်းထင်က အခုတစ်ခေါက်တော့ ကျွန်တော့်ကို ပိုပြီး တော့ ဂရုစိုက်လာတယ်..၊ ပိုတန်ဖိုးထားလာတယ်..။ ကျွန်တော့်မျက်နှာအငြှိုးမခံ..၊ လိုလေသေးမရှိ ပံ့ပိုးပေး တဲ့ ယောက်ျားကောင်းတစ်ယောက်ပင်..။
အခုလည်း ကျွန်တော်တို့ ဒီနေ့ အလုပ်နားရက်ဖြစ်တာ ကြောင့် အခုချိန်ထိ ကျွန်တော်တို့ မထသေး..။ အိပ်ရာ ဖြူကြီးပေါ်မှာ မင်းထင်က ကျွန်တော့်ခါးကိုအနောက် ကနေ သိုင်းဖက်ပြီး နားနားသို့ ကပ်ကာ မေးလာခြင်း ပင်..။
"အင်း..ယူကြတာပေါ့..ဒါနဲ့ အငှားကိုယ်ဝန်ဆောင်ကိုက ရော.."
"အင်း..ကို စဥ်းစားထားတာတော့ ရှင်းကို မေးကြည့်ရင် ကောင်းမလားလို့.."
"ရှင်း လား..ဖြစ်ပါ့မလား..ရှင်းက အပျိုလေ..လက်ခံ ပါ့မလား.."
"အဲဒါကတော့ မေးကြည့်မှသိမှာလေ..အဲဒါကြောင့် ဒီနေ့ မေးကြမလားလို့.."
"အင်း..ချိန်းလိုက်လေ..မေးကြည့်တာပေါ့.."
"အိုခေ..အခုတော့ ထကြရအောင်.."
"အင်း.."
မင်းထင်က ကျွန်တော်အင်းလို့ ပြောပြီးတာနဲ့ ဆတ်ခနဲ ထကာ ကျွန်တော့်ကို ပွေ့ချီသယ်သွားပြီး ရေချိုးခန်းထဲ သို့ ခေါ်လာလေသည်..။
မင်းထင်က ကျွန်တော့်ကို ကြွေပြားတို့ဖြင့် ကာထား သော မျက်နှာသစ်ဘေစင်ပေါ်၌ ထိုင်စေခိုင်းကာ သွား တိုက်ဆေး ယူပေးလေသည်..။
ထို့နောက် ကျွန်တော်ကျောခိုင်းထားသော ကြည့်မှန်ကို မကြည့်ဘဲ ကျွန်တော့်ကိုပဲ စိုက်ကြည့်ကာ သွားတိုက် နေတော့သည်..။
"ထင်.."
"ဟင်.."
"မင်းရဲ့အလုပ်က ပြန်ဝင်လို့ အဆင်ပြေပါ့မလား.."
"အင်း ပြေပါတယ်..ကို အလုပ်ထွက်တုန်းကတောင် အချိန်မရွေးပြန်လာခဲ့လို့ ပြောသေးတယ်..ရသေးမှာ ပါ.."
JE LEEST
လိုသုံး (Season-2)[Completed]
Romantiekရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... #This fiction is written with both Unicode and Zawgyi. Started- 💞💞24.10.2021�...