[ရှင်းသန့်ဖြူ]
"နောက်တစ်ပတ် စေ့စပ်ရမယ်.."
"ရှင်.."
အစမရှိ အဆုံးမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် ကျွန်မ ဧည့်ခန်းဆိုဖာပေါ်မှာထိုင်ပြီး ဖုန်း သုံးနေရာမှ ဆတ်ခနဲ မော့ကြည့်မိသည်..။
"မာမီ..ဘာလုပ်ဉီးမလို့လဲ..သမီးကိုလည်း နည်းနည်းပါး ပါးတိုင်ပင်ပါဉီး.."
"လိုလို့လား..ဟမ်..ညည်းအိမ်ထောင်ရေးကို ငါစီစဉ်မယ် လို့ ပြောထားတယ်လေ..အခုစီစဉ်တာ ဘာဖြစ်တုန်း.."
"မာမီ သမီးကို နည်းနည်းလောက်တော့ အသိပေးသင့် တယ်လေ.."
"ဟောတော်..အခု အသိပေးနေတာပဲလေ.."
"မာမီ.."
ကျွန်မ ပြောမှ ဖြစ်တော့မည်..၊ ကျွန်မမှာ မိုးသက်ရှိ တယ်ဆိုတဲ့အကြောင်းကို ပြောပြီး စကားဖျက်ရမည်..။
"သမီးမှာ ချစ်ရမယ့်သူ ရှိနေပြီ.."
"ဘာ..ဘယ်သူလဲ..ဘယ်ကလဲ..ချမ်းသာတဲ့အသိုင်းအ ဝိုင်းကပဲလား.."
ချမ်းသာတဲ့အသိုင်းအဝိုင်း..၊ ကျွန်မ မာမီ့စကားကြောင့် စိတ်ချဉ်ပေါက်ပေါက်နဲ့ ဟက်ခနဲ တစ်ချက်ရယ်လိုက် ကာ-
"မာမီက အဆင့်အတန်းတွေကို ကြည့်တာလား..သမီး အိမ်ထောင်ရေး အေးချမ်းစေဖို့ကို ငဲ့ကွက်တာလား.."
"ညည်းကလေ..တော်တော်ဒုံးဝေးတာပဲ..ချမ်းသာမှတော့ ညည်းလည်း အေးချမ်းပြီပေါ့အေ့.."
"မဟုတ်ဘူး မာမီ..ချမ်းသာတဲ့သူတိုင်းက အေးချမ်းနေ တာ မဟုတ်ဘူး..ချမ်းသာတဲ့ယောက်ျားကို ယူရင် ယောက်ျားလုပ်စာထိုင်စားပြီး အေးဆေးလေး နေလို့ ရမယ်လို့ မာမီ ထင်နေတာလား..ဟမ်..မာမီ..တကယ် တမ်း လက်ထပ်လိုက်တဲ့အခါကျတော့ သူက ဘယ်မိန်းမ နဲ့ ဖောက်ပြန်နေမလဲ..ဘယ်သူ့ကို စပွန်ဆာပေးနေမလဲ.. ဘယ်အချိန် ငါက မယားကြီးဖြစ်လာမလဲဆိုပြီး တွေးပူ နေရတာပါ..မာမီ..စကားရည်လုပွဲတစ်ခုမှာပြောသလိုပဲ..ဘဝကရုပ်ရှင်မဟုတ်ဘူးနော်..မာမီသိပ်တော်ချင်နေပါ တယ်ဆိုတဲ့ သမတ်က သူလိုချင်တာရရော..ခနလေး အတွင်းမှာပဲ ချောင်ထိုးခံလိုက်ရတော့တာပဲ..ဒီမှာ မာမီ.. လူတစ်ယောက်ရဲ့ အပြင်ပိုင်း ချမ်းသာတာထက်.. အ တွေးစာရိတ္တကောင်းတဲ့သူနဲ့ပဲ သမီးလက်တွဲချင်တယ်.."
DU LIEST GERADE
လိုသုံး (Season-2)[Completed]
Romantikရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... #This fiction is written with both Unicode and Zawgyi. Started- 💞💞24.10.2021�...