[မြတ်မင်းထင်]
ငါဆိုနေတဲ့သီချင်းကို..မင်းနားထောင်နေတယ်ဆိုရင်..
ငါပျော်မိမှာပဲ မှူးရယ်..။ကျွန်တော် မြင့်သူထက်ဘေး၌ ပြန်ဝင်ထိုင်လိုက်ကာ ထို အမျိုးသမီး၏ နောက်ဆက်တွဲ မေးခွန်းကို နားထောင် ရန် နေလိုက်သည်..။
"ကိုမြတ်မင်းထင်က အစ်ကို့ချစ်သူကို သိပ်ချစ်ရှာမှာပဲ နော်.."
အမျိုးသမီးငယ်၏ စိတ်မကောင်းဖြစ်နေသော လေသံ နှင့် ပြောတော့ ကျွန်တော် ခေါင်းကိုခပ်ဆတ်ဆတ် ညိတ် ပြကာ-
"အင်း..သိပ်ချစ်တာပေါ့..ချစ်လွန်းလို့ ချုပ်ချယ်သလို တောင် ဖြစ်ခဲ့ဖူးတယ်..ဒါပေမဲ့ အခုတော့ အဲ့ဒီတုန်းက အတွက် နောင်တရမိတယ်..အကယ်၍သာ အဲ့အချိန် တုန်းက ကျွန်တော် အတ္တမကြီးခဲ့ရင် ကျွန်တော်တို့ အမှတ်တရကောင်းတွေ ပိုပြီးဖန်တီးခဲ့မိမှာ.."
"စိတ်မကောင်းစရာပဲ..ဒါပေမဲ့ ကျွန်မတို့ဆီမှာ အစီအ စဥ်တစ်ခု ရှိတယ်.."
"အစီအစဥ်??"
ကျွန်တော်တို့ကို ပြောပြထားတဲ့အထဲမှာ အစီအစဥ်မပါ ပါဘူး..၊ ကျွန်တော်တို့ကို surprise တိုက်တာပဲနေ မှာ..။
ကျွန်တော်လည်း အူကြောင်ကြောက်နှင့် ဘေးက မြင့်သူ ထက်ကို လှည့်ကြည့်တော့ မြင့်သူထက်က ပုခုံးကို တွန့် ပြကာ သူလည်းမသိဘူးဟူသော သဘောကိုပြလေ သည်..။
"Screen လေးကို ကြည့်ကြည့်နော်.."
ကျွန်တော်တို့ကို screen ရှိရာကို ညွှန်ပြတော့ ကျွန် တော်တို့ လှည့်ကြည့်လိုက်သည်..။
ကျွန်တော်တို့လှည့်ကြည့်ပြီး ခနအကြာမှာ screen ပေါ်၌ ရုတ်တရက်ပေါ်လာသည့် လူက...။
"မှူး..."
ကျွန်တော် တိုးညှင်းစွာ ရေရွတ်မိလိုက်သည်..။ မတွေ့ တာကြာပြီဖြစ်တဲ့ မှူးရဲ့မျက်နှာက အရင်အတိုင်းပါပဲ လား..၊ video ထဲမှာတော့ မျက်နှာလေးက မှိုင်နေ တယ်..။ အဲ့အချိန်တုန်းက မှူးတော်တော်ပင်ပန်းနေခဲ့ရှာ မှာပဲ..။
"မင်းထင်.. မင်းနေကောင်းရဲ့လား.."
Screenပေါ်မှ အသံထွက်လာသည့် မှူးအသံလေးက မကြားဖြစ်တာကြာလို့ လွမ်းမိလာတယ်..၊ ထိုအလွမ်း ကြောင့် တားဆီးလို့မရသည့် မျက်ရည်တို့က မျက်ဝန်း အိမ်ထဲ၌ စုဝပ်လာတယ်..။
ESTÁS LEYENDO
လိုသုံး (Season-2)[Completed]
Romanceရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... #This fiction is written with both Unicode and Zawgyi. Started- 💞💞24.10.2021�...