Episode 7 (Unicode)

2.1K 114 22
                                    

[မှူးသာခန့်]

"မနက်ခင်းမှာနိုးလာခဲ့~~အရင်ဆုံးမင်းကို လွမ်းပါ တယ်~~"

အင့်..

သီချင်းတညည်းညည်းနှင့် မနက်စာပြင်နေသော ကျွန် တော့်ပုခုံးပေါ်သို့ အခုမှ အိပ်ရာနိုးပြီးထလာသော မင်း ထင်၏ ခေါင်းက အိခနဲရောက်လာသည်..။

"နိုးပြီလား.."

"အင်း.."

"အရင်ဆုံး မျက်နှာသွားသစ်လိုက်ဦး..ပြီးရင် မနက်စာ စားမယ်..မြန်မြန်လုပ်.."

"ဟုတ်.."

ဟုတ်ဆိုပြီး တစ်ချိုးတည်းလစ်သွားသော ကျွန်တော်မျိုး ၏ လင်ယောက်ျားကျောပြင်ကို ကြည့်ရင်း အားပါးတရ ပြုံးမိသည်..။

တကယ့်ကြည်နူးမှုအစစ်က ဒီလိုမျိုး ထင်ပါရဲ့..။ ကျွန် တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်..၊ နားလည်မှုရှိကြတယ်..၊ ယုံကြည်မှုပေးနိုင်ကြတယ်..။ တကယ့်အချစ်စစ်ပါပဲ..။

အခုဆိုရင် ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ပြီးလက် ထပ်လိုက်တယ်..၊ လက်ထပ်လိုက်တယ်ဆိုတာထက် ပြန်ပေါင်းနေလိုက်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်..၊ ဘာလို့ လဲဆိုတော့ ကွာရှင်းစာချုပ်မှာက မင်းထင်ကိုပဲ လက် မှတ်ထိုးခိုင်းပြီး ကျွန်တော်လက်မှတ်မထိုးဖြစ်ခဲ့လို့ပါ..။

"ညနေကျရင် ပြန်စားမယ်မဟုတ်လား.."

"အင်း..ပြန်စားမယ်လေ..ဒါပေမဲ့ င့ါဂျာကြီးပြောတော့ ဒီနေ့လုပ်စရာ နည်းနည်းများတယ်တဲ့ အဲ့ဒီတော့ နည်း နည်းတော့ နောက်ကျမယ်ထင်တယ်.."

"ရပါတယ်..စောင့်နေပေးမယ်.."

"အင်း.."

ကျွန်တော်တို့ အရင်ကလို မအေးစက်တော့..၊ တစ် ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးတယ်..။ ကိုယ့်ကြောင့်နဲ့သူစိတ် မပင်ပန်းရအောင် နေတယ်..။

"ဪ..မှူး..ငါတစ်ခုပြောစရာရှိလို့.."

"အင်း ပြောလေ.."

"ဟို..ငါတို့..ကလေးယူကြမလား.."

"ကလေး?? မင်းထင်..ငါတို့က ယောက်ျားကြီးတွေနော်
..ဘဟ်လိုလုပ် ယူလို့ရမှာလဲ.."

လိုသုံး (Season-2)[Completed]Where stories live. Discover now