Episode 11 (Unicode)

2K 108 26
                                    

[မြတ်မင်းထင်]

ဒီနေ့ ကျွန်တော် ရှင်းနဲ့ လက်ထပ်ရတော့မယ်..၊ ကျွန် တော့်သဘောဆန္ဒအတိုင်း ငြင်းဆန်ခွင့် မရခဲ့တဲ့အ တွက်လည်း ခံပြင်းမိတယ်..။

ခနနေကျရင် မေမေတို့နဲ့ ဘုရားကျောင်းသွားရတော့ မယ်..၊ ဘုရားကျောင်းမှာက မနေ့ကတည်းက အားလုံး စီစဥ်ပြီးသွားပြီ..။

တောင်းပန်ပါတယ် မှူး..၊ မင်းမရှိတော့တဲ့နောက် ငါတ ခြားတစ်ယောက်ကို ပြောင်းချစ်လိုက်တယ်လို့တော့ မထင်ပါနဲ့..။ ငြင်းဆန်ခွင့်မရတဲ့ အခြေအနေမို့ပါ..။

မေမေတို့က ဧည့်ခန်းထဲမှာ သွားဖို့အရန်သင့်ဖြစ်နေကြ ပြီ..၊ ကျွန်တော်ရောပဲ..။ သမီးရှင်တို့နဲ့ အတူတူသွားမှာ တော့ မဟုတ်ဘူး..၊ ဘုရားကျောင်းရောက်တော့မှ ဆုံ ကြမှာ..။

ကလင်...ကလင်...

ဧည့်ခန်းထောင့်က အိမ်ဖုန်းက ကျယ်လောင်စွာ ဖုန်းသံ မြည်လာသည်..။ ထိုအသံက တစ်အိမ်လုံးကို ကျယ် လောင်စွာဖြင့် ပျံ့နှံ့သွားသေးသည်..။

မေမေက ဖုန်းကို လှမ်းယူလိုက်ပြီး ကိုင်လိုက်ပါသည်..။

"ဟယ်လို..မြတ်လင်းခိုင်တို့အိမ်ကပါရှင်.."

"မြတ်ရေ..ချိုပါ.."

"ချို..ဘာကိစ္စရှိလို့လဲ..ခနနေ တွေ့ကြတော့မှာပဲကို.."

"မဟုတ်ဘူး မြတ်..အခု သမီးလေး ပျောက်နေတယ်.."

"ဘာ.."

ကျွန်တော်ရော..ဖေဖေရောက မေမေ့ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်..။ ဖုန်းက စပီကာ ဖွင့်ထားတာ ကြောင့်လည်း အားလုံး ကြားလိုက်ရသည်..။

ရှင်း ပျောက်နေတယ်ပေါ့လေ..။

"ဘယ်လိုဖြစ်တာလဲ ချိုရယ်..သေချာရှာကြည့်ပြီးပြီ လား.."

"အင်း..ချို ရှာပြီးပြီ..မနက်ကတောင် ပြင်ဖို့ ချိုပြော သေးတယ်..အခု သွားတော့မှာမို့ အခန်းတံခါးကို ခေါက် ကြည့်တော့ အထဲက ဘာသံမှ ပြန်မလာဘူး..အဲဒါနဲ့ ချို လည်း တံခါးဖျက်ပြီး ဝင်တော့ သမီးလေးက မရှိတော့ ဘူး.."

လိုသုံး (Season-2)[Completed]Hikayelerin yaşadığı yer. Şimdi keşfedin