Episode 2 (Zawgyi)

473 34 0
                                    

[ရှင်းသန့်ဖြူ]

ကျွန်မ အင်္ဂလိပ်စာနဲ့ ကျောင်းပြီးသွားတယ်ဆိုပေမဲ့ ကျောင်းပြီးတော့ ကျွန်မ ဖက်ရှင်ပိုင်းကို ခြေဉီးလှည့်ခဲ့ တယ်..။ အနုပညာလမ်းပေါ် စလျှောက်ခဲ့တဲ့ ကျွန်မအ တွက် လွန်ခဲ့တဲ့နှစ်နှစ်တာကာလက တော်တော်လေး ပင်ပန်းခဲ့ရတယ်..။

ကိုယ့်ဘက်က အရည်အချင်းပြည့်မှီနေတာတောင် လူရာမသွင်းချင်ကြတဲ့သူတွေနဲ့ ကျွန်မ အများကြီး ကြုံ ခဲ့ရတယ်..။

ပိတ်စတစ်စကနေ ဝတ်စုံတစ်စုံ...၊ ဝတ်စုံတစ်စုံကနေ အဲဒီ့ဝတ်စုံကိုဝတ်ပြီး ကြော်ငြာဖို့အတွက် မော်ဒယ်.. စသဖြင့် ရှုထောင့်ပေါင်းစုံက အခက်အခဲများစွာ ကြုံ တွေ့ခဲ့ရသည်..။

ဒါပေမဲ့ အခုတော့ ကျွန်မ ကျော်ဖြတ်နိုင်ခဲ့ပါပြီ..၊ နှစ်နှစ် တာကာလ ကြိုးပမ်းခဲ့ရတဲ့ အသီးအပွင့်တွေလည်း ခံစား ခွင့်ရပြီ..။ ဒါပေမယ့် လက်မလျှော့သေးပါဘူး..၊ ကျွန်မ လိုချင်တဲ့ ရည်မှန်းချက် မရောက်မချင်းပေါ့..။

ကျွန်မရည်မှန်းချက်က..ကိုယ်ပိုင်Brandတံဆိပ်နဲ့ တည်ထောင်နိုင်ဖို့ပဲ..။

>>>>>>>>

ကျွန်မ ဒီနေ့ Super marketကို လာဖြစ်တယ်..၊ အကြောင်းကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး..။ ဈေးကွက်ဆင်းတဲ့သဘောပေါ့..၊ တခြားသူတွေထုတ် တာကို copy ယူဖို့ လေ့လာတာ မဟုတ်ဘဲ..သူက ဘယ်လိုမျိုး လုပ်ထားတာလဲ..ကိုယ်ကရော ဘယ်လို လုပ်ရင် ကောင်းမလဲ..။ ဒီ ဒီဇိုင်းဆိုရင် လူကြိုက်တွေ့ပါ့ မလား.. စသဖြင့် အတွေ့တို့နှင့် ကျွန်မ ဖြည်းဖြည်းချင်း ကြည့်ရင်း လျှောက်လာခဲ့သည်..။

ဒီနေ့က စနေနေ့ဖြစ်တာကြောင့် ရုံးပိတ်သဖြင့် market မှာ လူတိုးနေသည်..။

"ခါးပိုက်နှိုက်ဗျို့!!!!ခါးပိုက်နှိုက်!!!!"

ရုတ်တရက် ကျောနောက်ဘက်မှ အော်သံကြားလိုက် သဖြင့် ဆတ်ခနဲ တွန့်သွားကာ ကျောချမ်းသွားမိသည်..။

ခါးပိုက်နှိုက်...

ကြားလိုက်ရသောထိုအသံကြောင့် ကျွန်မ ကြောက် ကြောက်လန့်လန့်နှင့် ပြေးမိသည်..။ အနောက်က ​လူ အုပ်၏ ခြေလှမ်းသံများကို ကြားနေရသဖြင့် ကျွန်မ လည်း သွေးရူးသွေးတန်းနှင့် ပြေးမိ၏..။

လိုသုံး (Season-2)[Completed]Where stories live. Discover now