[ရှင်းသန့်ဖြူ]
"မမလေးရေ..ကုန်ပါပြီ.."
ဖုန်းထဲမှ အထည်စက်ရုံက အလုပ်သမားကောင်မလေး ၏ မငိုရုံတမယ်ပြောလာသော စကားကြောင့် ကျွန်မ ခေါင်းနားပန်းကြီးသွားရသည်..။
"ဘာဖြစ်လို့လဲ.."
ကျွန်မလည်း အထိတ်တလန့်နှင့် ပြန်မေးလိုက်တော့-
"အလုပ်ရုံကြီး မီးလောင်နေတယ်.."
"ဘာ.."
"ဟုတ်တယ်..အခုတော့ ငြိမ်းလုနီးပါးဖြစ်နေပြီ..ခနလေး နဲ့ ဟုန်းခနဲ ထတောက်တာ..အဲဒါကြောင့် မမလေးကို ဖုန်းချက်ချင်းမဆက်မိဘဲ အရင် မီးငြှိမ်းလိုက်တာ.."
"ဘယ်လိုဖြစ်ရတာလဲ.."
"မသိပါဘူး..ကျွန်မတို့ တန်းလျားမှာ ထမင်းပြန်စားပြီး အပြန်မှာ မီးလောင်နေတာ တွေ့တာ..တော်တော်များ များလည်း လောင်သွားတယ်.."
ကျွန်မ ထိုစကားကြောင့် ဆိုဖာပေါ်သို့ အရုပ်ကြိုးပျက် ပမာ ပုံကျသွားသည်..။
"ပိတ်လိပ်တွေရော..."
ကျွန်မ သိပ်တော့ မျှော်လင့်မထားပေမဲ့ မေးကြည့်မိ သည်..။
"မရှိတော့ဘူး..အာလုံး..မီးထဲပါသွားပြီ.."
သွားပြီ..၊ ကျွန်မ နှစ်နဲ့ချီပြီး ကြိုးစားခဲ့တဲ့ အထည်စက်ရုံ က အခုတော့ သဲထဲရေသွန်ဖြစ်သွားပြီ..။
ကျွန်မ မျက်ဝန်းတွေက မျက်ရည်စတို့ကြောင့် မြင်နေရ သော မြင်ကွင်းက ဝေဝါးစွာပေါ်နေသည်..။
"သမီး..ဘာဖြစ်လို့လဲ.."
ဘေးနားသို့ မာမီက လာထိုင်ပြီး မေးတော့ ကျွန်မ မာမီ ကို ခပ်တွေတွေ ကြည့်မိပြီး ဆုံးရှုံးမှုကြောင့် ကျလာ သော မျက်ရည်တို့က ပါးပြင်ပေါ်သို့ စီးကျလာသည်..။
"မာမီ..သမီး စက်ရုံလေး မီးလောင်သွားပြီတဲ့.."
ကျွန်မ အသံတို့က တုန်ရီစွာဖြင့် ထွက်ပေါ်လာသည်..။ သို့သော် မာမီ့ကို ကြည့်နော့ မာမီက ဟက်ခနဲတစ်ချက် ရယ်ကာ-
KAMU SEDANG MEMBACA
လိုသုံး (Season-2)[Completed]
Romansaရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... #This fiction is written with both Unicode and Zawgyi. Started- 💞💞24.10.2021�...