”Hyung ”ကျွန်တော့်လက်ထဲက ပုဝါကိုကြည့်ပြီး ပြုံးနေတာ။ဘာကရယ်စရာကောင်းနေလို့လဲ?
”ဒါ ပြန်လာယူတာလို့မဖြေဘူးမလား ””ဘာတွေပြောနေတာလဲ ငါ့ Ph ကျန်ခဲ့လို့လာယူတာပါ”
”သြော်..”
မထီတထီ မျက်နှာပေးနဲ့သံရှည်ဆွဲ၍မျက်ခုံးပင့်လိုက်တာကမျက်မှောင်ကိုပိုကျုံ့လာစေသည်။
”အေးတယ် အပြင်မှာ ”ကျွန်တော့်လက်ထဲကပုဝါကိုယူပြီး လည်ပင်းမှာအကျအနပတ်ပေး၏။အနီးကပ်မို့ရတဲ့ ရေမွှေးနံ့ပြင်းရှရှ၊ ယောက်ျားဆန်လွန်းနေတာ ဒါက ကလေးလိုမြင်စရာမဟုတ်ပြန်တော့။နေပါဦး ကျွန်တော်ကဒါကိုငြိမ်နေပေးမိတာလား။
”ဒီပုဝါပြန်ယူသွားပါ ငါ့ဟာမဟုတ်ဘူး၊ မင်းကိုအနေအထိုင်ဆင်ခြင်ဖို့ပြောထားတယ် Jungkook ”
”Jungkook? ရင်းနှီးသလိုခေါ်လိုက်တာပဲ Hmm? သဘောကျတယ်”
ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်သွားကာ အေးစက်လာသည့်လက်တို့က အနွေးထည်လက်အောက်မှာတင်းဆုပ်မိသည်။
”ပေးချင်ရင် နောက်မှပြန်ပေးပါ ဒီတစ်ခါယူသွားလိုက် အေးတယ်””မလိုပါဘူး ငါ-”
”ရှုး.. ဒီနားလူရှင်းတယ်၊ကျွန်တော်ကနမ်းတာပဲဖြစ်ဖြစ်လုပ်ရင် သိလောက်မလား”
”မင်း ! အတော်ရဲတင်းတာပဲ”
”မဟုတ်ရပါဘူး Hyung ကပုဝါပေးခဲ့မယ်ဆိုရင်စေတနာကိုအသိအမှတ်မပြုလို့ နမ်းပစ်မယ်ပြောတာ ယူသွားမယ်ဆိုမလုပ်ပါဘူး”
”ယူသွားရင်ရပြီမလား ဖယ်တော့”
ကျွန်တော်ရှေ့ကနေဘေးကိုကျကျနနကပ်ပေးတာက သွားလို့ရပါပြီဆိုတဲ့သဘော။ဒါကိုမြင်နေရတဲ့ CEO က စူးစမ်းသလိုကြည့်နေလေ၏။
ကျွန်တော် အကြည့်လွှဲလိုက်သည်။ ဒါကို ဘယ်လိုတားရမလဲမတွေးတတ်တော့တဲ့ထိပဲ။
”နင်တားစရာမရှိတာလား မတားရက်တာလား””ငါကဘာလို့မတားရက်စရာရှိမလဲ၊ အလုပ်နဲ့ပတ်သတ်လို့ဒီလောက်ထိသည်းခံပေးနေတာ”
”ဒါဆို CEO ကိုပြောလိုက်မလား သူကတားဖို့အတွက် Loco ကိုကောင်းကောင်းပြောပေးတတ်မှာ”