မနက်အစောမီနီရဲ့မွေးနေ့ အိမ်ပြန်ခွင့်တောင်းထားကြောင်းသိရ၏။”ပီဒီကြီး မီနီက အိမ်ကို Suprise ပြန်လုပ်မလို့ ၊ဈေးဝယ်လိုက်ပေးလို့ရလား”
”အော? ငါကလား မဖြစ်လောက်ဘူး ”
”ဒါရိုက်တာကြီးကိုခွင့်တောင်းတာ CEO ကို ပြောလိုက်မယ်တဲ့ လိုက်ခဲ့ပါပီဒီကြီး ၊ ကိုကိုလဲ ညနေအိမ်ပြန်လာရင်အံ့သြသွားမှာ ပြီးတော့ မီနီရဲ့မွေးနေ့မှာ ပီဒီကြီးကိုရှိစေချင်တာ”
ကလေးမလေးကြောင့် ဘာပြောရမလဲတွေးတောနေရ၏။လိုက်သွားတာရပေမဲ့ Jungkook က ကြိုက်ပါ့မလား။ သူကျွန်တော့်ကို အိမ်နဲ့ပတ်သတ်တာတစ်ခါမှတောင်မပြောဖူးတာ။
”ကိုကို့ချစ်သူအနေနဲ့ မဟုတ်ပါဘူး မီနီရဲ့ စီနီယာအနေနဲ့ပါ Traniee ဆရာမကလဲ ပီဒီကြီးပဲခေါ်သွားပါတဲ့ ”
အွန်းဂျယ်ကိုပြောနေတာ၊ သတင်းထွက်လာရင်အဆင်ပြေပါ့မလား။ Jungkook ကျွန်တော့်ကိုများ မြင်ရရင်ဘယ်လိုဖြစ်မလဲတော့သိချင်မိတာ။ Jungkook ပေးထားတဲ့ ပုဝါလေးကိုစည်းလိုက်ကာ ဦးထုပ်အဝိုင်းလေးကိုဆောင်းလိုက်ပြီး ဆွယ်တာအပျော့လေးကို ကောက်ဝတ်လိုက်၏။
”မေမေက စတော်ဘယ်ရီဆိုတအားကြိုက်တာ ””ငါနဲ့အကြိုက်တူတာပဲ ”
”ဝိုး ကိုကိုသိရင် ပါးစပ်ကြီးမစိပဲဖြီးနေမှာ မြင်ယောင်သေးတယ်”
”Maskကိုသေချာတပ်ထားဦး Debut ထားတာနော် အခု Idol ဖြစ်နေပြီ”
”ဟီး မေ့တာ မေ့တာ ”
နှစ်ယောက်သားအထုပ်တွေဝယ်ရင်းကားကအတော်လေးကြာတော့ ခြံဝင်းအကျယ်ကြီးရှိတဲ့ အိမ်အဖြူကြီးရှေ့ရောက်လာသည်။
ဒါက Jungkook အိမ်လား ၊ဒီကောင်လေးကပိုက်ဆံရှိအသိုင်းအဝိုင်းကဆိုတာမှန်နေတာပဲ။ ကားပေါ်ကဆင်းခါနီးမှတွေးမိတဲ့အတွေးကြောင့် ခြေလှမ်းတွေကရပ်သွားရ၏။
ကျွန်တော်နဲ့သတင်းတွေထွက်ထားတာ၊ အခုလိုလိုက်လာတော့ ဘယ်လိုမြင်မလဲ။ ဘယ်လောက်ပဲစီနီယာအနေနဲ့ဖြစ်ဖြစ် အမေဖြစ်သူကတွေးမိမှာအမှန်။ ခုမှမဆင်းဘဲနေလို့လဲမရ။ Jungkook ကို Suprise ဖြစ်စေချင်တာနဲ့ ကျန်တာမစဉ်းစားမိလိုက်တာများ။