Hyung နဲ့ နှစ်လပြည့် Anniversary နေ့ဖြစ်သည်။Loco ကို အဖေရောက်လာခဲ့ရာမှ စ၏။
”ဒီမှာ ဒါကိုလာပြတာ”Laptop ထဲမှာရှိတဲ့ဗီဒီယိုတစ်ခု။
Hyung ဆီကအဖြေရခဲ့တဲ့နေ့ဖြစ်ပြီး S.G ရဲ့ Idolတွေနေတဲ့အထပ်ကို ခိုးဝင်ခဲ့တဲ့ CCTV မှတ်တမ်း ။ နောက်တစ်ခုက Tokyo ခရီးစဉ် အတွက် လေဆိပ်ကပုံတွေ။
”အဖေ ဘယ်ကရလာတာလဲ””တွေးလေ ဒါမျိုးကဘာအတွက်နဲ့ငါ့ဆီကိုရောက်လာလဲ”
”S.G ရဲ့ CEO? ”
”မင်းခြေလှမ်းတွေမင်းသိ ဒီဟာသာပေါက်ကြားသွားရင် မင်းဘဝဘာဖြစ်သွားမယ်ထင်လဲ ”
”ဂရုမစိုက်ဘူး S.G က ကျွန်တော်မို့လို့ Audition ကိုအကြိမ်ကြိမ်ပယ်ချခဲ့တာ အခုဒါကထူးခြားနေတာမှမဟုတ်ဘဲ”
”အသိဝင်စမ်း မင်းရော၊ ငါရော တစ်မိသားစုလုံးရဲ့ အရှက်ကိုမင်းမမြင်တော့ဘူးလား S.G က CEO မိန်းမဆိုတာ ငါတို့မိသားစုနဲ့စီးပွားရေးအရှုပ်အရှင်းတွေကြောင့် ငါတို့ကိုတွန်းချဖို့ဟာကွက်ရှာနေတဲ့ မြွေဟောက်မ”
”Loco ကို ကျွန်တော်ကောင်းကောင်းဆန့်ကျင်နိုင်မှန်း S.G က သိနေတဲ့သဘောသာသာပါ”
”မင်းဒါတွေဘယ်သူကြောင့်လုပ်နေတာလဲ ၊ဟိုကောင်လေး Producer မင်းသူနဲ့လမ်းခွဲဖို့လုပ်တော့”
”အဲ့ဒါကလွဲကျန်တာအကုန်လုပ်နိုင်တယ် အဖေ”
သားဖြစ်သူဟာမျက်နှာတည်သွားကာ ပြတ်ပြတ်သားသားပြောသည်။
”မင်းညီမကိုထည့်မတွက်တော့ဘူးလား သူဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နေတာ S.G ရဲ့ လက်အောက်မှာငါ့သမီးကရှိနေတာ မင်း Kim Taehyung နဲ့ ထပ်မတွေ့တော့နဲ့””အကြောင်းပြချက်ကဘာလဲ အဲ့မိန်းမကဘာဖြစ်ချင်နေလို့-”
”မင်းအဲ့လောက်အရူးအမူးဖြစ်နေတဲ့ ကောင်လေးကိုရောထည့်မတွက်ဘူးလား ထိခိုက်မှာမင်းတစ်ယောက်တည်းမဟုတ်ဘူး ၊ နားလည်စမ်း ဒါကိုမင်းအမေသိရင်ဘာဖြစ်မလဲ ”
အဲ့စကားမှာ ကျွန်တော်ငြိမ်ကျသွားခဲ့သည်။ တွေဝေစေခဲ့သည်။ Hyung လည်းအများကြီးနာကျင်ရမှာဆိုတဲ့ အသိနဲ့ အဖေ့စကားနားထောင်ဖို့ဖြစ်လာခဲ့တော့တာ။