Special Break

10.1K 801 48
                                    

Havana ရဲ့ လမ်းပေါ်မှာ Vodka တစ်ပုလင်းကိုင်ပြီးအမြဲတွေ့ရတဲ့ ခပ်ငယ်ငယ်ကောင်လေး။ Catedral de San Cristobal ဘုရားကျောင်းမှာတွေ့​နေကျ အာရှသားလေးကို Cuban တွေတောင်အတော်လေးသတိထားမိနေပြီ။ဘယ်လိုဘာသာနဲ့မေးမေး Spanish လိုသာ အဆင်ပြေကြောင်းပြောပြီး အသာပြုံးပြသည်။

ရူးတယ်ပဲပြောမလား။ ကျွန်တော် Hyung ရှိတယ်ဆိုတဲ့အသိနဲ့အသက်ရှင်မှာ။ Social ပေါ်မှာမြင်ရတဲ့ John ဆိုတဲ့လူနဲ့ Hyung တို့ပုံရိပ်တွေ၊
Hyung ပြုံးနေတဲ့အပြုံးတွေ ။

ဒါတွေက ကျွန်တော့်ရင်တွေအဆမတန်နာရသည်။Hyung အနားမှာ ရှိနေတာ ကျွန်တော်မဟုတ်ဘူး ၊Hyung အပြုံးတွေက ကျွန်တော့်ကြောင့်မဟုတ်ဘူး။

”မင်းသား Jeon Jungkook ကိုအမွေပြတ်စွန့်လွှတ်ခြင်း”

အဖေက Hyung ကိုမမေ့နိုင်ရကောင်းလားဆိုပြီး အပြစ်ပြောသည်ကျွန်တော်တည်ခဲ့တဲ့ကတိက ခဏတာအတွက်ပါပဲ။Hyung က အမြဲတမ်းကျွန်တော့်ဟာ ၊ကျွန်တော့်အပိုင်ဖြစ်နေတုန်းပဲ။Hyung ရဲ့အချစ်တွေကိုကျွန်တော်ရနေသေးတယ်။

ဒါတွေက လွမ်းလို့အရူးလိုဖြစ်လာရင် ဖြေသိမ့်နေကျ။
”ချစ်တယ် Hyung ရယ်”

ကောင်းကင်ကိုကြည့်ပြီး ရူးရူးမိုက်မိုက်အော်တော့ဆဲသံကြားရသည်။
”ဟေ့ မင်းဒီကိုလာပြီး လျှောက်အော်နေတာရူးနေတာလား ပိုက်ဆံပါရင်ပေးခဲ့”

ဂရုမစိုက်ဘဲ လှည့်ထွက်လိုက်တော့ကုတ်ပိုးကိုအရိုက်ခံရသည်။
စီးကျလာတဲ့ သွေးကခပ်ပျစ်ပျစ် ၊ထပ်မံကျရောက်လာတဲ့ နာကျင်မှုတွေကို တုံ့ပြန်စရာအားမရှိဘူး။ဟုတ်တယ်.. ကျွန်တော့်ဘဝစုတ်ပြတ်သပ်နေပြီ။

”John ငါ ..”

”Cuba? မဟုတ်မှ Havana တော့မဟုတ်ဘူးမလား”

Tae ကခေါင်းငုံ့သွားသည်၊ ဒါက ဝန်ခံလိုက်တဲ့သဘောလား?။
”Tae ဘာဖြစ်ရတာလဲ အဲ့တစ်ယောက်ကိုမမေ့နိုင်ဘူးလား ဒီကြားထဲ ဘယ်လိုတွေလုပ်လိုက်ရလဲ၊ Tae ပြုံးနေနိုင်ဖို့ပျော်ဖို့ပဲကြိုးစားခဲ့တာ ငါဘာတွေလိုအပ်လို့လဲ Tae ပြောပါဦး”

”ငါ..တောင်းပန်ပါတယ် John မင်းငါ့ကိုဂရုစိုက်တာတွေက သူ့ကိုမေ့ဖို့လုပ်နေတာဆိုရင် အချည်းနှီးပဲ အဲ့ဒါကဖြစ်မလာလောက်ဘူး”

All Too Well (completed)Where stories live. Discover now