Part - 2

8.7K 784 2
                                        

S.G ရဲ့ မိန်းက​လေးအဖွဲ့အသစ်ထဲရှိ ကလေးမလေး ဂျောင်မီနီက Jeon Jungkook ရဲ့ညီမလေးလို့သိရသည်။
ရုပ်ချင်းခပ်ဆင်ဆင်ရှိပြီး ဒီကလေးမလေးပုံက အပြစ်တကင်းဖော်ရွေ၏။

”မင်္ဂလာပါ Producer ကြီး ”

ခါးကိုကိုင်းပြီးအားတက်သရောဖြင့် အော်ဟစ်နှုတ်ဆက်လာကြသည်။
”မင်းတို့ Trainer က ဒီနေ့မအားဘူး သီချင်းက High Note အတွက်မရွေးရသေးတာမလား ”
အဖွဲ့ဝင်က ငါးယောက်ဖြစ်၍ ရွေးရတော့ခက်မနေ။

”ဟုတ်ကဲ့ ”

ဂျောင်မီနီ ဆိုတဲ့ကလေးမလေးက ကျွန်တော့်နားလာချင်ပုံရပြီး သီချင်းကို ဟိုဒီမှားနေတော့၏။

”ဟေး မင်းဒီနားကိုလာ ”

မျက်လုံးတဖျပ်ဖျပ်နဲ့ ပြူးကြည့်ပြီးအနားကိုကပ်လာသည်။
”ဘာလို့ ပါးစပ်မဖွင့်တာလဲ မင်းက Leader မဟုတ်လား”

”ဟုတ်..ဟုတ်ပါတယ် ”

”မီနီ ကသူ့ရဲ့ Role Model မို့လို့ ကြောက်နေတာပါ ပီဒီကြီး ”

ဘေးမှဂျပန်ကပြားမလေးကဝင်ပြော၏။
”Role Model ရှေ့မှာကောင်းကောင်းလုပ်ပြရမှာပေါ့ ဒီလိုကငါ့အချိန်ဖြုန်းနေတာသိတယ်မလား ”

”ဟုတ် ”

”မင်းခေါင်းငုံ့နေမယ်ဆိုရင်Debut တာ နောင်နှစ်ပြောင်းခိုင်းလိုက်မယ် ”
ချက်ချင်းခေါင်းမော့လာပြီး ခေါင်းခါပြခါသည်။

”ကောင်းကောင်းလုပ်ပါ့မယ် ပီဒီကြီး ”

”အော ပြန်စမယ် ”

မက်ဆေ့ခ်ျတစ်ခုဝင်ရောက်လာ၏။
*ကျွန်တော် ရောက်နေတယ် *

ရုတ်တရက်ဝင်လာတဲ့ စာတိုလေးကြောင့် မျက်ခုံးတို့တွန့်ချိုးမိကာ
ထပ်ပြီး ဟိုကောင်လေးလား။ ရောက်တယ်?ဘယ်ကိုရောက်တာလဲ Debut ထားတာမကြာသေးဘဲ ဘယ်လိုလုပ်မကြောက်ရတာလဲ။
စတူဒီယိုရဲ့ အရှေ့မှာအွန်းဂျယ်နဲ့ စကားပြောနေတဲ့ Jeon Jungkook ဆိုတဲ့ကောင်လေး။
”Hyung ထပ်တွေ့ရပြီပဲ ”

အွန်းဂျယ်က ပခုံးတွန့်ပြလာကာ သူမသိပါဘူးဆိုတဲ့အမူအရာ။
”ငါက Loco ကိုပဲဖြစ်ဖြစ်သတိပေးတာလုပ်ရမလား ”

”အဲ့လိုလုပ်လဲ ဘာထူးမှာလဲ ကျွန်တော်နဲ့ Hyung Collab ရှိတယ် ”

”Collab? ဘာကိုပြော-”

All Too Well (completed)Where stories live. Discover now