Part - 4

6.1K 695 15
                                        


Jungkook ရဲ့မျက်လုံးတွေတောက်ပစွာ လှုပ်ရှားသွားသည်။
”ကတိမြန်မြန်ပေးလေ သွားတော့”

”ကျွန်တော်ကတိပေးတယ် ချစ်လား ”

”အော အော သွားတော့”
နှုတ်ခမ်းကိုဖြတ်ခနဲ နမ်းလိုက်သေးတာ ဒီကောင်လေးရယ်။ထွက်သွားတဲ့နောက်ကျောကိုကြည့်ပြီး ပြုံးလိုက်ချိန်စိုးရိမ်မိတာက ကျွန်တော်တို့အခြေအနေပါ။

တကယ်ပဲအွန်းဂျယ်ပြောသလိုမတားရက်ခဲ့တာထင်။ငယ်လွန်းတာ မင်းကငယ်လွန်းနေပေမယ့် ငါကပါဒီလိုရွေးချယ်ခဲ့ပြီ။

အတူအသံသွင်းတဲ့ရက်တွေမှာကင်မရာရှေ့မှာဖြစ်၍ ရှောင်ရှားရတာမလွယ်။Jungkook တစ်ယောက်က ပြောစကားကိုနားမှမထောင်ဘဲ။

”Jungkook ခဏ-”

သန့်စင်ခန်းထဲထိဝင်လာပြီး ဘယ်သူမှမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့နမ်းသည်။ ကျွန်တော်က ပြန်များနမ်းလိုက်ရင် ရပ်မယ်မထင်ပါတော့နဲ့။

”ရပ်..ရပ်တော့”

”ဟာ Hyung ရာ၊ ကျွန်တော့်အိတ်ထဲထည့်ထားလိုက်ချင်တာ”

”မဟုတ်တာတွေ ”

လေးထောင့်ဆန်ဆန်အပြုံးကို အခုလိုမကြာခဏမြင်ရတော့ ကျွန်တော်ကရူးပြီပေါ့။ပါးကိုဖျတ်ခနဲနမ်းရင်ရဲတက်လာတဲ့ ကျွန်တော့်ရဲ့ Hyung သေးသေး။ ဒီအချိန်တွေကို နည်းနည်းတောင်မကုန်ဆုံးချင်ပါ။

”နင်နဲ့ Jungkook အဆင်ပြေလား ငြင်းလိုက်တာလား ”

”မဟုတ်ပါဘူး ”

တိုက်တိုက်ဆိုင်ဆိုင်ပဲ မက်ဆေ့ခ်ျကဝင်ရောက်လာသည်။
စာတိုလေးက *Hyung ညကျ ထွက်ခဲ့* ဟုဆို၏။

”ပြုံးလိုက်တာပဲ အမယ်၊ဘယ်သူလဲ ငါ့ကိုပြ”

”မဟုတ်ပါဘူး အွန်းဂျယ် ”

လက်ထဲက Ph ကိုယူကြည့်တော့၏။
”My Boy? ကောင်လေးလား နင့်ကိုတော့တကယ်လက်ဖျားခါပါတယ်၊ ငါကဒိတ်ခိုင်းရင်အသေအလဲငြင်းပြီး ခုကဘယ်ကလဲ အော? Hyung?”

”တိုးတိုးပြောပါ Phပြန်ပေး”

”မဟုတ်မှ Jungkook တော့မဟုတ်ဘူးမလား”

ငြိမ်နေတာက ဝန်ခံတာလား။ Producer ကြီး Kim Taehyung?  အမယ်လေး အံ့သြစရာပါပဲရှင်။
”ဟုတ်နေတာပေါ့ ငါထင်တယ် နင်လဲအဲ့ကောင်လေးကိုစိတ်ရှိတာပဲ”

All Too Well (completed)Where stories live. Discover now