Part - 10

4.6K 519 12
                                    


Catedral de San Cristobal

Havana ရဲ့ ဘုရားရှိခိုးကျောင်း။ အင်မတန်ခန့်ညားကာဗိသုကာလက်ရာတွေနဲ့ပြည့်နေပြီး ခဲရောင်လိုလိုမီးခိုးရောင်လိုလိုပုံစံမျိုးရှိသည်။

”Jung မဝင်ဘူးလား ”

”မလိုက်တော့ဘူး ဒီမှာ ဓာတ်ပုံရိုက်ကျန်ခဲ့မလို့ ”

”ဒီဘုရားကျောင်းက တကယ်အနုပညာဆန်တော့ မင်းသဘောကျမယ်ထင်တာ”

Rachel ၏ပြောစကားကိုပြုံးပြကာနေကျန်ခဲ့လိုက်၏။Hyung နဲ့ပထမဆုံးအတူသွားချင်တာကြောင့် မဝင်ဖြစ်တော့။

စာတိုမပို့ဘူးတွေးထားပေမဲ့ကျွန်တော်ကဘယ်လောက်ကြာကြာနေနိုင်မှာတဲ့လဲ။
'Hyung လွမ်းတယ် ကျွန်တော့်ကိုလွမ်းတယ်ပြန်မပြောနဲ့ '

ပို့ထားတဲ့ စာတိုက ​Seen ပြပြီး အကြောင်းမလာပါ။Hyung စိတ်ဆိုးနေတာလားမသေချာပေမဲ့အငွေ့အသက်ကအဲ့လိုရနေသည်။ ကောင်းကောင်းချော့ရမှာပေါ့ ။

”ကားပေါ်ကို ပင့်တင်ပြီးနမ်းရမှာ Jungkook မင်းမနိုင်လား ”

ဒါရိုက်တာကြီးက ခပ်ဟဟရယ်ကာမေး၏။
”ငါအဲ့လောက်မလေးဘူးထင်ပါတယ် ”

”ခင်ဗျားကိုတော့ထမ်းထားလဲနိုင်တယ် သေးသေးလေးပဲ”

နမ်းတဲ့အနမ်းအတွက် ပထမဆုံး Hyung ကလွဲထိဖူးတာဖြစ်၍ခံစားချက်ထူးဆန်းတာကလွဲ ရှက်တာတောင်မရှိပါ။ဒါက Final Scene ကိုကျော်ရိုက်တာကြောင့် တစ်မိနစ်စွန်းစွန်း Kiss Scene ဖြစ်သည်။

”Jung မင်း Twitter သုံးပြီပဲ ”

”Loco ရဲ့ CEO အရင်တည်းကနားပူနားဆာလုပ်လွန်းတာ Follower လဲမဆိုးဘူးပဲ ခင်ဗျားနဲ့တွဲရိုက်လို့ထင်တယ် ”

”မင်းက သီချင်းလဲရေးပြီး မင်းသားဖြစ်ရုံမကဘဲ ငယ်ပြီးကြည့်ကောင်းနေတာကြောင့်ပါ”

”ခင်ဗျား တောက်လျှောက်ဒရမ်မာတွေရိုက်လာတာ ရည်းစားမထားဘူးလား”

”ထားတာပေါ့ နာမည်ကြီးလာလေပီပြင်အောင်သရုပ်ဆောင်ရလေပဲ Rating သတ်မှတ်ထားတာအကုန် ရိုက်ခဲ့ဖူးတယ်”

”ဘာမှမခံစားရဘူးလား ”

”တစ်ယောက်တစ်မျိုးပဲမို့လို့ ကြာတော့မထူးဆန်းတော့ဘူး ဒါတွေမေးတာက ငါနဲ့နမ်းပြီးဘာခံစားရလို့လဲ ”

All Too Well (completed)Where stories live. Discover now