Part - 7

4.7K 509 3
                                    


Jungkook က ကျွန်တော့်ကိုသန့်ရှင်းပေးထားပုံရ၏။ အရမ်းကြီးထိုင်မရတဲ့ထိမနာပေမလည်း သိပ်တော့အဆင်မပြေနေ။မနေ့ကထိ Jungkook တစ်ယောက် Anni ကိုမေ့တယ်ထင်ခဲ့တာ။မဟုတ်ဘူးဆိုတာသိလိုက်ရသည်။ ကျွန်တော်ကလက်ဆောင်ပေးလိုက်တာပါ။
”Hyung မနက်စာမှာထားတယ် ”

ကျွန်တော့်လည်ပင်းဆီအကြည့်ရောက်တော့ သဘောတကျပြုံးသည်။
”လိုက်နေတာပဲ Hyung နဲ့ ”

”ပုဝါစည်းထားဖို့မေ့သွားတာ မကြည့်နဲ့ ”

”ဟုတ်ကဲ့ ”

မနက်စာစားပြီးပြန်ဖို့စီစဉ်ရသည်။ ကျွန်တော်တို့ကို တစ်ရက်ထက်ပိုပြီးအချိန်မပေးလိုက်ပါ။အပြန်ကားပေါ်မှာ တစ်ဖက်ကကျွန်တော့်လက်ကိုကိုင်ပြီး ကားမောင်းသည်။

”Jungkook ကားကိုသေချာမောင်းပါ ”

”မဟုတ်ဘူး ဖြစ်နိုင်ရင် ကားရပ်ပြီးနမ်းချင်နေတာ ”

”တော်တော့ လွှတ် ”
ရှက်သလိုလိုနဲ့ရဲတက်သွားတဲ့ မျက်နှာကိုငေးမိလိုက်ချိန် ကားကမီးနီဖြတ်မောင်းမိသည်။
”Jungkook မင်းမီးနီဖြတ်လာတာလား ”

”မသိလောက်ဘူးမလား ”

Jungkook ကိုကြည့်ရင်း သဘောတကျရယ်မိလေသည်။ ကျွန်တော့်ကိုကြည့်တာ မီးနီတောင်ဖြတ်မောင်းပစ်လိုက်တာလား။
”Taehyung ငါနင့်ကိုစိတ်ပူနေတာ CEO ကဒီလိုလွှတ်တာ ငါယုံတောင်မယုံနိုင်ဘူး ”

”Loco နဲ့ မျက်နှာမပျက်ချင်လို့ဖြစ်မှာ ပြောသေးတယ် ဒရမ်မာထွက်ရင် ဒါတွေပြီးသွားမှာတဲ့ ”

”တော်တော်ပျော်ခဲ့လား ”

ခပ်ပြုံးပြုံးလုပ်နေတဲ့ Producer ကြီးပါ။
”နေပါဦး နင်ဖက်ရှင်ပြောင်းသွားတာလား Long Coat တကားကားနဲ့ဘယ်ရောက်သွားလဲ ”

”Jungkook က အခုပုံစံပိုလိုက်တယ်တဲ့”

”အယ် ငါတောင်ရည်းစားရှာရတော့မယ် နင်တို့ပိုကဲနေတာ
မကြည့်နိုင်ဘူး ”

”ငါ နားတော့မယ် ပင်ပန်းနေလို့ ”

”အော CEO ဆီခဏသွားလိုက်ဦး သတင်းထွက်မှာတော့သူလဲစိတ်ပူနေပုံပဲ”

”အော ”

မီနီတို့အဖွဲ့ရဲ့ Debut ရက်ကနီးလာပြီမို့ အွန်းဂျယ်တစ်ယောက်မနားတမ်း Trainee ပေးနေသည်။

All Too Well (completed)Where stories live. Discover now