ရုံးခန်းထဲမှာစာရင်းဇယားများနှင့်အလုပ်ရှုက်နေတုန်း...လီဆာကျောင်းမှဖုန်းဆက်လာကာ..
"ရန်ဖြစ်လို့..ရုံးခန်းရောက်နေတယ်"
ဆိုသည့်စကားကြောင့်..ကားကိုဒုန်းစိုင်းမောင်းကာ..လီဆာတက်နေသောကျောင်းကိုလာခဲ့သည်.."ယောင်္ကျားမပြောပါနဲ့တော့...အဲကလေးမကကြည့်ရတာ..မိဘရှိပုံမပေါ်ဘူး..မိဘတွေကမဆုံးမဘူးထင်တယ်.."
"ဟုတ်ပါရဲ့..လူကြီးကိုလူကြီးမှန်းမသိပြန်ပြောနေတာ..ကျောင်းအုပ်ကြီး..အဲကောင်မလေးကိုကျောင်းထုတ်ဖို့လုပ်ပေးပါ.."
တံခါးကိုဖွင့်ပီးမဝင်ခင်ကြားရသည့်စကားများကြောင့်..ကိုယ်တွင်းအပူချိန်မှာမြင့်သလိုခံစားလာရသည်..
ကလေးစိတ်အားငယ်နေမည်ကြောင့်..
သူတောင်အမြဲအရိပ်တကြည့်ကြည့်...
ဂရုစိုက်ချစ်နေရတာလေ...မိဘတွေအကြောင်းကလဲဝမ်းနည်းမည်စိုး၍..အစပင်မဖော်ခဲ့ချေ.ဒုန်း.
တံခါးကိုဆောင့်ဖွင့်လိုက်သည်နှင့်..ရုံးခန်းတွင်အသံများငြိမ်ကျသွားပြီး..
ဒေါက်ဖိနပ်လျှောက်သံကပီပီပြင်ပြင်ထွက်ပေါ်လာသည်.."ဒီမှာ..ရှင်တို့မှာကျမကလေးကိုပြောရအောင်..အဲလောက်မတန်သေးဘူး.."
အပြုံးချိုတို့ချိတ်ဆွဲထားသည့်.မျက်နှာလေးဟာခက်ထန်နေပြီး.....
စိတ်တိုနေသည့်levelကလည်ပင်းကသွေးကြောစိမ်းများထောင်သည့်အထိ..."မစ္စ..ရူဘီဂျိန်း..ရောက်လာပီလားခင်ဗျ..ထိုင်ပါအုန်း.."
ကျောင်းအုပ်ကြီးပြောသည်ကိုလည်းဂရုမစိုက်ဘဲ...ရှေ့ကအမတ်လောင်းဟူသောသူကိုကြည့်ကာ..
"ရှင့်ဘာရှင်ဘာဖြစ်ဖြစ်..ဂရုမစိုက်ဘူး....ကျမကလေးကမိဘမရှိပေမဲ့လည်း..ဆုံးမပေးမဲ့ကျမတစ်ယောက်လုံးရှိတယ်.ရှင်ပြောစရာကိစ္စကဘာစောက်..
ကြောင်းမှမရှိတာ...လီလီ. သွားရအောင်.."ရူဘီ..ငုံ့၍ငိုနေသောထိုကလေး၏လက်ကိုတင်းတင်းကြပ်က့ပ်ဆုပ်ကိုင်ကာ..ကလေးအားမွန်းကြပ်စေသောအခန်းထဲမှသူထွက်လာခဲ့သည်....
ကလေးရဲ့အေးစက်နေတဲ့..
နှလုံးသားက..
မမရဲ့အချစ်တွေနဲ့..
သေချာပေါက်..နွေးထွေးစေရမယ်..
ကလေးငယ်..
YOU ARE READING
ʟᴏᴠᴇ ʟɪɴᴇ⌜ᴄᴏᴍᴘʟᴇᴛᴇ⌟
Fanfictionʟᴇᴛ ᴅʀᴀᴡ ʟᴏᴠᴇ ʟɪɴᴇ ᴡɪᴛʜ ᴏᴜʀ ʜᴇᴀʀᴛ💋 [ꜱᴛᴀʀᴛ ᴅᴀᴛᴇ-26.10.2021 ᴇɴᴅ ᴅᴀᴛᴇ-5.12.2021]