P-22[Uni+Zg]

2.8K 258 7
                                    

"အာ..ဘာလို့..ဒီနေ့မှပြာယာခတ်နေကြတာလဲ..ဟင်းတွေလဲအများကြီးဘဲ..အိမ်ကိုဧည့်သည်လာစရာရှိလို့လား....ဒေါ်လေး.."

Fridgeထဲရှိရေဘူးတစ်ဘူးကိုယူကာသောက်ရင်း...မီးဖိုခန်းထဲရှိဒေါ်လေးကိုချယ်ယောင်းမေးလိုက်သည်...

"အင်းလေ..သမီးရဲ့..ဒီနေ့ချန်းယောလ်လေးနဲ့စေ့စပ်ဖို့လျာထားတဲ့ကောင်မလေးဘက်ကမိသားစုလာမှာ.."

"ရှင်...ဘယ်..ဘယ်သူလဲဆိုတာဒေါ်လေးသိလား.."

ချယ်ယောင်းထိတ်လန့်သွားသည့်အနေဖြင့်စကားများတောင်ထစ်ပီး..ဒေါ်လေးအား..မေးခွန်းထုတ်လိုက်မိသည်...

သူထင်ထားသလိုမဖြစ်ပါစေနဲ့ဟုတွေးရင်းပေါ့..

သို့ပေမဲ့..ကြားလိုက်ရသည့်စကားက..

"မိန်းကလေးရဲ့နာမည်ဘဲဒေါ်လေးလဲသိတယ်.
ကင်မ်ဂျီဆူးဆိုလားဘဲ.."

စကားအဆုံးမှာ..ချယ်ယောင်းအပြင်သို့ပြေးထွက်ကာပြိုင်ကားလေးအားမောင်းရင်း...
ဂျီဆူး၏ဂိမ်းဆိုင်သို့ဦးတည်သွားလေသည်..
.
.
.
.
"မမဆူး..."

ဆိုင်ထဲဝင်လိုက်သည်နှင့်ကောင်တာမှာအမြဲထိုင်နေတတ်သည့်ဂျီဆူးမရှိတော့..ချယ်ယောင်း..ဝန်ထမ်းများကိုမေးတော့...
"ဒီနေ့..သူဌေးက....ဆိုင်ကိုမလာဘဲ..ညီမတို့နဲ့ဘဲလွှဲထားခဲ့တယ်.."
ဟုပြောလေသည်...

ထို့‌ကြောင့်ချယ်ယောင်းတစ်ဖန်ဦးတည်ခဲ့သည့်နေရာကဂျီဆူး၏အိမ်သို့..

~~~

"ဒီနေ့..စက်ရုံဘက်ကိုသွားကြည့်မယ်လို့..ပြောထားပါတယ်..ဥက္ကဋ္ဌကြီး.."

"အာ..ဟုတ်သားဘဲ.အစ်မ.ကိုခိုင်းထားတဲ့စာတမ်းတွေအရင်‌လုပ်လိုက်အုန်း..တော်ကြာအစည်းအဝေးမမှီဘဲနေမယ်.."

"ဒါဆို..ဥက္ကဠကြီးတစ်ယောက်တည်းသွားမှာပါလား"

"အရင်ဥက္ကဠကိုသွားခေါ်ပေး..ကိုယ်အောက်မှာစောင့်နေမယ်လို့.."

"ဟုတ်.."

လီဆာအတွင်းရေးမှူးမလေးအားမှာစရာရှိသည်ကိုမှာပီးသည်နှင့်...လက်တစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ကာ..အောက်သို့ဆင်းရန်ဓာတ်လှေကားထဲသို့ဝင်လာခဲ့လိုက်သည်...

ʟᴏᴠᴇ ʟɪɴᴇ⌜ᴄᴏᴍᴘʟᴇᴛᴇ⌟Where stories live. Discover now