P-19[Uni+Zg]

2.7K 270 11
                                    

ပျော်နေတာ၊အပြုံးတို့ဖြစ်တည်နေတာကိုမြင်ရလို့..သူ့နည်းတူ..ပျော်ရပေမဲ့လည်း..
သူ့နှုတ်ခမ်းပါးကဖြစ်ပေါ်လာတဲ့အပြုံးတွေဟာကိုယ့်နဲ့လဲမဆိုင်၊ကိုယ့်အတွက်လဲမဟုတ်တဲ့အချိန်ခံစားရတဲ့ခံစားချက်အချို့ကြောင့်...
မျက်ရည်သည်မသိမသာဝဲနေမိသည်...

ကောင်မလေးတစ်ယောက်နှင့်တွဲကနေသည့်..Video fileလေးကတော့ချယ်ယောင်းမှရူဘီအားပို့လိုက်ခြင်း...

အေးစက်နေပီဖြစ်သောအစားအစာများကိုအနည်းငယ်ပြန်နွှေးလိုက်သည်...

ခြံအပြင်မှကားဟွန်းသံကြားသည်နှင့်..Apronကိုအမြန်ချွတ်ကာ..ပြေးထွက်ပီး..
ခြံတံခါးအားဖွင့်ပေးလိုက်သည်..
သူမအဖြစ်ကယောင်္ကျားအိမ်ပြန်လာသည့်အချိန်စောင့်နေသည့်..အိမ်ထောင်ရှင်မတစ်ယောက်လို..

ဆိုသည့်အတွေးကြောင့်..
မဆိုသလောက်အပြုံးလေးသည်ဖြစ်တည်ရလာပြန်သည်...

ကားပေါ်မှယိုင်တိုင်တိုင်ဆင်းလာသည့်သူကြောင့်..ရူဘီအမြန်ပင်သွား၍တွဲပေးမိသည်....

"ကလေး..မူးလာတာလား.."

"ဟုတ်.."

လေးပင်နေသည့်လီဆာ၏အသံ....

ဆိုဖာပေါ်ချပေးလိုက်သည်နှင့်ခေါင်းအားနောက်သို့မှီချရင်းနားထင်အားလက်နှင့်နှိပ်နေသောသူ...
ရူဘီ..ပျားသံပုရာရည်တစ်ခွက်ကိုဖျော်ကာ..လီဆာဘေးနားဝင်ထိုင်လိုက်သည်..

"ခေါင်းကိုက်နေရင်..ပျားသံပုရာရည်လေးသောက်လိုက်နော်..ကလေး..."

"ဟုတ်.."

ရုတ်တရက်ယဥ်ကျေးသလိုဖြစ်သွားသည်ကြောင့်ရူဘီသဘောတကျပြုံးကာ..လက်ထဲသို့သံပုရာရည်ခွက်အားလှမ်းပေးလိုက်သည်...

"အိပ်တော့မယ်..."

လှေကားပေါ်သို့ယိုင်တိုင်တိုင်နှင့်ဦးတည်သွားပြန်သောကြောင့်....ရူဘီသေချာတွဲကာအခန်းထဲသို့ပို့ပေးလိုက်သည်...

ဗီဒိုထဲသို့မထည့်ရသေးသောအဝတ်များသည်luggageအိတ်ထဲတွင်ရှိနေဆဲဖြစ်သည်..
ထို့ကြောင့်ရူဘီ..အိတ်ကိုအသာဆွဲကာ..
ဗီဒိုထဲသို့တစ်ထည်ချင်းညီကာထည့်ပေးနေလေသည်...

ʟᴏᴠᴇ ʟɪɴᴇ⌜ᴄᴏᴍᴘʟᴇᴛᴇ⌟Where stories live. Discover now