တက်ကြွသည့်ပုံစံနှင့်..စက်ဘီးလေးနင်းကာ..
မမဆူး၏ဂိမ်းဆိုင်သို့လာခဲ့သည်..ကျောင်းကပြန်သည်နှင့်လွတ်လပ်သွားသောကိုယ်ကိုပင်အနားမပေးဘဲ..မမဆူးဆီသူလာတာက..သူ့အချစ်တွေဖွင့်ပြဖို့..
အဖြူရောင်Shirtအရှည်ကို..တံတောင်ထိခေါက်တင်ထားပြီး..
Jeanအမဲရောင်ထဲ..တစ်ခြမ်းထည့်ကာဝတ်ထားသည်..
မူပိုင်...ရွှေအိုရောင်ဆံနွယ်များကိုအမြင့်စီးထားကာ..
Addidasတံဆိတ်ဘွတ်ဖိနပ်အဖြူလေးနှင့်..
လက်ကနှင်းဆီအနီလေးတစ်ပွင့်ကပါသေးသည်.."ဟယ်လို..မမဆူး..ချယ်ပါ.."
"အင်း..ချယ်ယောင်း..ပြောလေ..ဘာပြောစရာရှိလို့လဲ.."
"ဟို..ဆိုင်အပြင်ကိုခဏထွက်လာလို့ရမလား..ချယ်ဆိုင်အရှေ့ရောက်နေတယ်.."
"အော်ဟော...အထဲဝင်ခဲ့လေ..တို့အထဲမှာရှိတယ်.."
"ဟာ..အပြင်ထွက်ခဲ့ပါဆို..ပြောစရာရှိလို့.."
"အိုကေ..အိုကေ..မင်းမလည်း..စိတ်ကြီးဘဲ..တို့အခုထွက်ခဲ့မယ်နော်.."
ဂျီဆူး..ဖုန်းထဲမှအော်သံကြောင့်..
စိတ်လိုဖွယ်ရပြုံးလိုက်မိသည်..
ကလေးက..သူ့ကိုအဲလိုလဲဟောက်တတ်သေးတာ..
စိတ်ကောက်တယ်ဆိုလည်း..သူကသာအမြဲချော့ရစမြဲလေ..ချယ်ယောင်း..ဂိမ်းဆိုင်အရှေ့ကပန်းခြံလေးတွင်ထိုင်ကာ..စောင့်နေသည်...
"ဟေ့..ကလေး..."
ဘေးသို့လာထိုင်ကာပြောသည်မို့..ချယ်ယောင်း၏စိတ်လှုပ်ရှားနေသည့်ဒီဂရီက..ပို၍မြင့်တက်လို့လာခဲ့သည်..
ဘေးကပန်းပွင့်လေးကိုယူလိုက်ပြီး..အလွတ်ကျက်ထားသည့်..Googleကစာသားအချို့ကို..ရွတ်ထုတ်ပေးမဲ့တစ်လုံးမှမထွက်လာတော့ချေ..
ချယ်ယောင်း..အခုချိန်ကိုယ့်ကိုကိုယ်စိတ်ပျက်မိသွားသည့်..
Master brainဦးနှောက်ကြီးသည်...ကျန်သည့်အချိန်တွင်သြချရလောက်အောင်..
အသုံးဝင်နေပေမဲ့..အခုချိန်ဘာမှမထွက်တော့သည်ကိုလည်းအံ့သြမိသည်..."မမဆူးကိုချစ်တယ်.."
မဟုတ်သေးဘူး..နင်ပြောဖို့စကားကဒီခြောက်လုံးတည်းမှမဟုတ်တာလေ..
YOU ARE READING
ʟᴏᴠᴇ ʟɪɴᴇ⌜ᴄᴏᴍᴘʟᴇᴛᴇ⌟
Fanfictionʟᴇᴛ ᴅʀᴀᴡ ʟᴏᴠᴇ ʟɪɴᴇ ᴡɪᴛʜ ᴏᴜʀ ʜᴇᴀʀᴛ💋 [ꜱᴛᴀʀᴛ ᴅᴀᴛᴇ-26.10.2021 ᴇɴᴅ ᴅᴀᴛᴇ-5.12.2021]