မြစ်ကမ်းဘေးတစ်ဖက်မှာကားကိုရပ်၊ကားနောက်ဖုံးဖွင့်ပီး..လေညင်းခံရင်း..
ဘီယာသောက်ရတဲ့အရသာ.သည်..တကယ်ပင်ကောင်းလှသည်...အစွမ်းကုန်တောက်ပနေသည့်နေလုံးကြီးသည်..
2 P.Mအားရည်ညွှန်းနေသည်..တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်..လေပြင်းတိုက်သံမှလွှဲ၍တိတ်ဆိတ်နေဆဲ..လက်ကျန်ဆေးလိပ်ကုန်သည်နှင့်အောက်သို့ပစ်ချလိုက်သည်..ဘီယာလေးအားတစ်ငုံမော့ရင်း....ငြိမ်သက်နေသောကန်ရေပြင်ကြီးကိုစိုက်ကြည့်နေလေသည်...
နောက်တစ်ပတ်Ceoအသစ်မိတ်ဆက်ပွဲနှင့်တွဲဖက်၍စီစဥ်သောကုန်ပစ္စည်းအသစ်ပါတီအတွက်အလုပ်ရှုပ်နေသောရှေ့နေကြီးဂျေးနှင့်ရူဘီသည်..
အိမ်တွင်မတွေ့ရသောကြောင့်ရော၊ပျင်းတာကြောင့်ရော၊အမ်မလီ၏Showroomတွင်ဝယ်ထားသည့်အသစ်စက်စက်ပြိုင်ကားလေးနှင့်အပြင်သို့ထွက်လာခြင်း..
"လီလီ..အိမ်ပြန်ခဲ့တော့လေ...Macaronsတွေလုပ်ထားတယ်..လီလီ့အကြိုက်...💛"
အသဲပုံစတစ်ကာနှင့်ဖုန်းစခရင်ပေါ်ပေါ်လာသည့်မက်ဆေ့တစ်စောင်ကြောင့်...
သူတွေးလိုက်မိသေးသည်...မချစ်ဘဲနဲ့ဘာလို့မျှော်လင့်ချက်ပေးနေရပြန်ရတာလဲ..ဘာလို့ထပ်ဂရုစိုက်ပေးနေတာလဲ....
နောက်ထပ်အသဲခွဲအုံးမလို့လား...
ငါ့မျက်ရည်တွေကိုသူမြင်ချင်နေတာလား...ကားနောက်ခန်းတွင်ကပ်ထည့်ထားတဲ့..
ဟော်ကီတုတ်ကိုယူပီး..ကားမီးသီးကိုရိုက်ခွဲလိုက်သည်..~ခွမ်း~
~ဒုန်း~
ကားတစ်စီးလုံးစုတ်ပြတ်သတ်သွားတော့မှ....
ဘေးနားမှာဆောင့်ကြောင်ထိုင်ရင်းလေပူများကိုမှုတ်ထုတ်လိုက်သည်..ဒေါသများကိုသက်ရှိမဟုတ်တဲ့သက်မဲ့ပစ္စည်းတွေကိုပုံချရတာ..အနဲငယ်တော့..စိတ်သက်သာရသားမလား..
~~~
"ညီမလေး..ဘာလို့ဆန်ပြုတ်မသောက်တာလဲ..ဆေးသောက်ဖို့..ဗိုက်ထဲမှာအစာရှိမှရမယ်လေကွာ.."
ချန်းယောလ်သည်ဆန်ပြုတ်ပန်းကန်ကိုကိုင်ပီးပြောနေသည်ပေမဲ့ဖုန်းကိုတစ်ကိုင်ကိုင်နှင့်..
Mesပို့လဲမပြန်၊ဖုန်းဆက်လည်းမကိုင်တော့...
သူစိတ်ပူလာရသည်...
YOU ARE READING
ʟᴏᴠᴇ ʟɪɴᴇ⌜ᴄᴏᴍᴘʟᴇᴛᴇ⌟
Fanfictionʟᴇᴛ ᴅʀᴀᴡ ʟᴏᴠᴇ ʟɪɴᴇ ᴡɪᴛʜ ᴏᴜʀ ʜᴇᴀʀᴛ💋 [ꜱᴛᴀʀᴛ ᴅᴀᴛᴇ-26.10.2021 ᴇɴᴅ ᴅᴀᴛᴇ-5.12.2021]