ပျော်ကြရွှင်ကြနဲ့ ခဏကြာတော့ အကင်ဝိုင်းက အဆင့်သင့်ဖြစ်တာကြောင့် အကုန်လုံး စားပွဲဆီသို့ ဉီးတည်
စားပွဲမှာ ဘေးချင်းကပ်ထိုင်နေပေမဲ့ စောနက Haruto ပြောတဲ့စကား က အတည်လား စနေတာလား ဝေခွဲရခတ်စွာဖြင့် တုန်ရီနေတာ အစားသောင်းကျန်းတဲ့ jeongwoo နဲ့ မတူ ဘာတစ်ခုမတို့မထိပဲ ဒီတိုင်ငူငူကြီးထိုင်နေလေရဲ့။
ခါးနားက အတို့အထိကို ခံစားလိုက်ရတာကြောင့် ယားတတ်တဲ့ ကိုယ်က တချက်တွန့်သွားတယ်။
haruto က ဘာမှမစားပဲ တည် နေတဲ့ ကောင်လေးရဲ့ ခါးကို တချက်တို့လိုက်တယ်။
နောက်တခါထပ်ပြီး ပိုတိုးကာ ခါးကို ပိုက်ထားလိုက်တာ်။
ပြီးတော့ နားနားကပ်ပြီး"ဘာလို့ မစားတာလဲ စားလေ"
ခါးနားပိုက်ထားတဲ့ လက်ကို မလွှတ်ချတဲ့အပြင် နားနားတိုးလို့ကပ်ကာ နစ်ကိုယ်ကြားရုံလေး ပြောတော့ ကြက်သီးတွေကထလို့
ပြီးတော့ မသိမသာလေး ပြုံးမိကာ
လှည့်ကြည့်မိတယ်။အားလုံးက အသား ကင် မှာပဲ အာရုံရောက်နေကြလို့ နစ်ကိုယ်ကြား ချစ်ရည်လူး တီတီတူးတူး နေတာ မည်သူမျှ မရိပ်မိ
"စား စား ဗိုက်ဆာတယ်ဆို"
ကိုယ်ကလှည့်ကြည့်တော့ သူက ပြောတယ်။
ခါးနားက လက်ကို ပြန်ဖြေချသွားပြီးနောက်အသား ကင် နွေးနွေးလေးအား ပန်းကန်ထဲထည့်ပေးတယ်။
ကျွန်တော်လည်း အသိစိတ်ပြန်ဝင်ကာ ရှေ့က ဆလရွက်ထဲ အစာထည့်ပြီး harutoကို ခွံကျွေးလိုက်တယ်။
အချစ်တွေနဲ့ အလုတ်အကြီးကြီး.....
-------------
အပြန်လမ်းက ကြည်နူးဖွယ်အတိ
ကားမှန်ပြတင်းပေါက်ဘက်ကို မေးထောက်ကာ ငေးနေတဲ့ Jeongwoo
harutoက မေးထောက်ထားတဲ့ လက်ကို ဆွဲယူပြီး လက်ဖဝါးချင်း ထပ်စေတယ်။
YOU ARE READING
fall in luv with bestfriend (Completed)
RomanceJustFriend / FriendZone HaJeongWoo of TREASURE fanFic @nanarain__