လက်ဆောင်ဗူးလှလှလေးကိုင်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ ကောင်မလေး၃ယောက်ကြောင့် jeongwoo တစ်ယောက် အခတ်တွေ့ရသည်။
"haruto ကို ပေးပေးပါလားနော်"
"သူက မယူဘူး "
"ယူမှာပါ ဒါက သူကြိုက်မှာ နော်လို့"
အရှေ့တည့်တည့်ကနေ မျက်နာငယ်လေးနဲ့ ဗူးကြီးအတင်းထိုးပေးနေတဲ့ ဒီ အမတော်ကြောင့် စိတ်တွေလည်းရူပ်နေရပြီ။
နူတ်ခမ်းကို ကိုက်လိုက် လက်သည်းကို ကိုက်လိုက် ခေါင်းကုတ်လိုက်နဲ့ ဘယ်လိုလုပ်ရမှန်းမသိ အခတ်တွေ့နေသော JeogWoo"တကယ်ပြောတာဟာ မပေးချင်လို့မဟုတ်ဘူး ပြီးရင် သူကမယူဘူး ငါ့ဆီမှာပဲလာပုံနေတာ သူ့ကိုကိုယ်တိုင်သွားပေးလိုက်ပါလား"
ကိုယ်တိုင်သွားပေးလိုက်ပါလားဆိုတဲ့ စကားကို ပြောသာပြောလိုက်ရတာ သွားပေးလိုက်လို့rutoကယူလိုက်ရင် ဆိုပြီး စိတ်ကပူရပြန်ပြီ။
စိတ်ကျဥ်းကျပ်လို့ နူတ်ခမ်းကိုကိုက်နေတာ အောက်နူတ်ခမ်းက တဖြေးဖြေး နီရဲနေပြီ"ဒါလေးပေးပေးတာ ဘာပင်ပန်းလို့လဲ"
"မဟုတ်ပါဘူးဟာ အဲ့လို"တကယ် ဘယ်လို မိန်းကလေးတွေလည်းမသိဘူးဗျာ ကျွန်တော် တကယ် စိတ်ညစ်နေပြီ
သူဘေးက နစ်ယောက်လည်းမျက်နာကြီးနီပြီး ကျွန်တော့်ကို ဝါးစားမတတ် ကြည့်နေတာ ထိုစဥ် ထပ်ကြားလိုက်ရတာက" အေလေ သူလိုလူကို ကြိုက်မဲ့သူမရှိ ပေးမဲ့သူမရှိတော့ သူများရမှာကို မနာလို့ပီး မလုပ်ပေးတာပေါ့"
" အခွင့်အရေးသာ အသုံးချတတ်ရင် Haruto နား ကပ်ပြီး အချောင်တောင် စားရအုံးမဲ့ဟာကို "
သူ့ဘေးက ပါလာတဲ့ နစ်ယောက်က ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် စိတ်တိုသွားတယ်။
ကျွန်တော်က ရန်ဖြစ် စကားများတတ်တဲ့လူမဟုတ်ဘူး ။ အထူးသဖြင့် မိန်းကလေးတွေနဲ့ဆိုရင် ပိုဆိုးတာပေါ့ကျွန်တော်က သာမာန်သာ စကားကို အသကုန် ပြောတာ ဒီလိုနေရာမျိုးဆိုရင်တော့ ဘာမှမပြောပဲ နူတ်ဆိတ်နေတတ်တာ ကျွန်တော်အကျင့်ပဲ ကျွန်တော် ဘာပြသနာမှ မဖြစ်ချင် မရှင်းချင်ဘူးလေ
YOU ARE READING
fall in luv with bestfriend (Completed)
RomanceJustFriend / FriendZone HaJeongWoo of TREASURE fanFic @nanarain__