Z.5

51 4 0
                                    

discussion ကို အဆင်ပြေပြေ နဲ့ အဆုံးသတ်ပြီးနောက်မှာတော့ jeongwooက စာအုပ်ကိုပိတ် လက်ကိုခေါင်းအနောက်ပစ် အကျောဆန့်ရင်း
"အခုမှပဲ ရင်ဘက်ထဲက အလုံးကြီးကျသွားတော့တယ်"

ပြီးတာနဲ့ အရှေ့ မှာ သူ့ gpနဲ့ တူတူထိုင်နေတဲ့ haruto နားသွားရင်ကောင်းမလား မသွားရင်ကောင်းမလား တွေဝေနေတယ်

"jeongwoo ရား အပြင်လိုက်မလား မုန့်သွားစားမယ် အောင်ပွဲခံတဲ့အနေနဲ့ ဝယ်ကျွေးမယ် "

ဘေးက Yedam အသံကြောင့် လှည့်ကြည့်လိုက်မိ ဝယ်ကျွေးမယ်ဆိုတဲ့စကားက ဆွဲဆောင်နေတယ်။

သို့ပေမဲ့ ruto ကိုလည်း ခေါ်ချင်တာကြောင့် ဗျာများနေတယ်။

"ခဏနော် hyg , rutoကိုခေါ်လိုက်ဉီးမယ်"

"အင်းအင်း သဘော"

ပြောပြီးတာနဲ့ နေရာမှ ခပ်ဆက်ဆက်ထကာ haruto နားသို့

"ruto ရား အိမ်မပြန်သေးဘူးမလား မုန့်သွားစားမယ်လေ "

JungHwan ကိုလည်း တဆက်တည်း ခေါ်လိုက်သည်။

"JungHwan မင်းရောလိုက်မှာ မလား"

ခပ်သွက်သွက်လေးပြောလိုက်ပေမဲ့ Haruto ဆီက ပြန်ကြားရတဲ့ စကားက

"ငါတို့ Team4 ပါတီလုပ်မလို့"

မျော်လင့်ချက်ကို ရိုက်ချခံရသလို အရိုက်တည့်တည့် ဘယ်တတ်နိုင်မလဲ

"အင်း ပြီးရောလေ ဒါဆို ငါသွားတော့မယ်"

ထိုစဉ် JaeHyuk Hyg ကနေ

"လိုက်ခဲ့လေ ငါတို့ နစ်ဖွဲ့သွားကြမယ်လေ ပီဇာသွားစားကြမယ် ဘယ်လိုလဲ"

ကျွန်တော့် ပြန်ပြောတာကိုတောင် မစောင့်ပဲ yedam hyg နဲ့ jihoon hyg ကို လှမ်းအော်လိုက်သည်။

"Yedam ,Jihoon ငါတို့ နစ်ဖွဲ့ ပီဇာသွားစားရအောင် come on"

Jihoon Hyg က ထောက်ခံလိုက်တယ်။

"အေ လူများတော့ ပျော်ဖို့ကောင်းတာပေါ့ အားလုံး သဘောတူတယ်မလား"

နောက်ဆုံး အားလဲုးရဲ့ သဘောတူညီမှုနဲ့ ညနေကျောင်းဆင်းတော့ ကျောင်းနားက ပီဇာဆိုင်သို့ ရောက်လာခဲ့ကြသည်။

ပီဇာကိုကိုင်ကာ ပါးစပ်ထဲ တဝတပြဲ ထည့်နေသော Jeongwooပီးတော့ ပြောသေးတယ်
"ကျွေးမဲသူရှ်တော့ ဒါနမြောက်အောင် ကောင်းကောင်းစားပေးရမယ် ဟီးဟီး"

fall in luv with bestfriend (Completed)Where stories live. Discover now