စီနီယာတွေက တန်းစီ လူစစ်လို့ပြီးတော့
YeDam က ကားနစ်စီးရပ်ထားတဲ့ ကြားထဲမှာရှိနေတဲ့ JeongWooတို့ အုပ်စုဘက်ကို လှည့်လာတယ်။"အဆင်သင့်ဖြစ်ပြီမလား
မင်းတို့က ငါလိုက်မဲ့ကားမှာ လိုက်""nae Hyg "
"လာ လာတတ်ကြ"
ကားပေါ်ရောက်တော့ JeongWoo က ထောင့်ဘက်ကခုံမှာ ဝင်ထိုင်ရင်း သူဘေးက ခုံကို သူထိုင်လိုလို ငါထိုင်လိုလို လုပ်နေတာကတော့ YeDam နဲ့ Haruto ရယ်ပါ
DoYounနဲ့ JungHwan က အသီးသီး နေရာယူပြီးနေတာ ဘယ်အချိန်ကမှန်းတောင် မသိလိုက်
"ဟျောင့် နေရာတွေ လွတ်နေသားနဲ ဘာလို့မတ်တပ်ရပ်နေတာလဲ ဖယ်အုံးငါဝင်မလို့"
သူတို့နစ်ယောက်နောက်ကနေ ရောက်လာတဲ့ JunKyu က ပြောလိုက်ခြင်းပင် ဖြစ်ပါတယ်။
JunKyu နဲ့ ထိုင်မှာ အစိုးရိမ်လွန်းသွားသော JeongWoo ကတော့
JunKyuပြောလို့ ပိတ်မိသလိုဖြသ်နေတဲ့
YeDam နဲ့ Haruto က ခန္ဓာကိုယ်ကို တချက်စီ တိမ်းစောင်းလျက်လျှင်ပဲ JeongWooက Haruto လက်ဆွဲကာ"ဒီမှာ ထိုင်လို့ရနေတာကို လာလေ"
အဲ့တော့မှ Harutoက နားသယ်ဇတ် မွှေးတွေကို ကိုင်ရင်း
"အေ အေ "
လွတ်ထွက်သွားသော YeDamကတော့ JunKyu ၏ဘေးနေရာသို့....
"စားဉီးမလား"
JeongWoo က စားလတ်စမုန့်ထုပ်လေး ထိုးပေးတော့ ဖွင့်ဟလျက်ရှိနေသေူ သူရဲ့ လွယ်အိတ်ထဲကို တချက် ကြည့်လိုက်မိတယ်။
အိတ်ထဲမှာမုန့်တွေပဲ ထည့်လာသလား အောက်မေ့ရအောင် မုန့်တွေနဲ့ပြည့်နေတာ..."ရိက္ခာစုဆောင်းရေးလုပ်နေတာလား မနည်းဘူးမုန့်တွေက"
"အကုန်လုံးစားလို့ရအောင် ယူလာတာပါကွာ မင်းကလည်း"
"ငါတွေ့တာတော့ မင်းပဲ စားနေတာ"
ခပ်ထေ့ထေ့ မျက်စောင်းက haruto ထံသို့
ကားမှန်ဘက်ကို မျက်နှာ လှည့်သွားတဲ့လူသားကို ညင်သာစွာ ထပ်မေးတယ်။"ကားမူးတတ်လား ၄နာရီလောက် မောင်းရမယ်လို့ပြောတယ်"
"ဟုတ်လား နဲနဲတော့မူးတတ်တယ်"

YOU ARE READING
fall in luv with bestfriend (Completed)
RomanceJustFriend / FriendZone HaJeongWoo of TREASURE fanFic @nanarain__