team 6 group discussion အတွက် ကျွန်တော်နဲ့ doyoung နစ်ယောက်သား YeDam Hyg အိမ်ကိုရောက်နေတာပဲ ဖြစ်တယ်။
တကယ်ကြီး အံ့သြသွား စာဖတ်ခန်းကို တသီးတသန့်ကြီး နဲ့ တခန်းထားတာ အကျယ်ကြီးပဲ....
"Jeongwoo ဘာတွေ အဲ့လောက်တောင် အံ့သြနေတာလဲ"
yedam hyg က မေးလိုက်တာကြောင့် ကျွန်တော်လှည့်ကြည့်မိသည်။
"အခန်းက အရမ်းမိုက်လို့ hyg စာတော်တာ စာတအားဖတ်လို့ဖြစ်မယ် Hyg ကို အားကျနေပြီ
"ဟဟ မင်းလည်းတော်တာပဲ ဟိုနေ့က မင်းပြောတဲ့ အချို့အချက်တွေ ငါတောင်မစဥ်းစားမိဘူး တကယ်မိုက်တယ်"
"ဘယ်ကသာဗျာ Hyg က ပိုတော်တာကို Hyg အားရင် ကျွန်တော် စာလာမေးမယ်နော် မသိတာတွေရှိရင် "
"အေအေ အချိန်မရွေးပေါ့"
ကျွန်တော်တို့ စာတွေ လုပ်နေတုန်းမှာပဲ YeDam hyg အမေက မုန့်တွေလာချပေးတယ်။
သားတို့ ဒါလေးစားပြီးလုပ်.....
မုန်တွေမြင်တာနဲ့ Jeongwoo ရဲ့ မျက်လုံး တောက်သွားတာကို သတိထားမိပြီး Yedam ကရယ်မိတယ်။
အဲ့တာကြောင့် သူ့ဘက်ကိုပဲ မုန့်ပန်ကန်ထိုးပေးလိုက်တယ်
"စားကြစားကြ ငါ့အမေက လက်ရာက ဆွေးမျိုးမေ့ပဲ"
"Hyg တကယ်စားလို့ကောင်းတယ် Hyg အိမ်မှာ နေချင်တော့တယ်ဗျာ "
jeongwoo စကားကြောင့် အကုန်လုံး ထရီပါလေရော yedam အမေက
"လာလည်လေ အန်တီလုပ်ကျွေးမယ် ဟုတ်ပြီလား"
"တကယ်လာမှာနော်"
"အေးပါကွယ် လာ လာ"
စပို့ရှပ် အဖြူပွပွနဲ့ ဘောင်းဘီဒူးအထက် အတိုလေးကို ရိုးရိုးရှင်းရှင်း ဝတ်ထားတဲ့ jeongwoo တစ်ယောက် yedam အိမ်မှာ အပျော်ကြီး ပျော်လို့နေတယ်။
သူရဲ့ ရွတ်နောက်နောက်စကားတွေနဲ့ သွက်လတ်လတ်ရှိပုံတွေကြောင့် အကုန်လုံးက ရင်းရင်းနီးနီးဖြစ်နေကြတော့တယ်။
စာတွေအကုန် လတ်စသတ်ပြီးနောက် jeogwoo က အကျောဆန့်လိုက်ရင်း
"နောက်ဆုံးတော့ ပြီးသွားပြီ "
YOU ARE READING
fall in luv with bestfriend (Completed)
RomansaJustFriend / FriendZone HaJeongWoo of TREASURE fanFic @nanarain__