Z.1

247 5 0
                                    


jeongwoo ⌨️

"Jeongwoo ဟျောင့် ငါ့ကို မနေ့က အိမ်စာပေးကူးအုံး မြန်မြန်လေး"
"ရော့ အဲ့မှာ သေချာကူးအုံး အမှားတွေပါမယ်"

ထုံးစံအတိုင်း junghwan ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းက ကျောင်းရောက်တာနဲ့ မနေ့က ပေးတဲ့အိမ်စာကို တန်းကူးတော့တာပဲ
ဒါကလည်း သူ့အလေ့အကျင့်လိုဖြစ်နေပြီ
ဘယ်သောအခါမှ အိမ်စာမလုပ် ကျောင်းရောက်မှ အသဲအသန်ကူးတော့တာ။

ဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးတွေက လူပ်လူပ်ရွရွ ဖြစ်ကာ ဆံပင်ကိုပြန်သပ်နေသူကသပ် နူတ်ခမ်းနီပါးနီထုတ်ဆိုးသူကဆိုးဖြင့်
အုံကြွကြွဖစ်နေသောကြောင့် ကျွန်တော် တချက်တော့ ပြုံးလိုက်မိသည်။

ဒါသေချာပေါက် Haruto ဝင်လာတော့မယ်ဆိုတဲ့ လက္ခဏာရပ်တွေဆိုတာ ကျွန်တော်သိလိုက်တယ်

Haruto သူကဘယ်သူလဲဆိုတော့

စာသင်နစ်အစက Japan က နေ ပြောင်းလာတဲ့ ကျောင်းသားသစ် သူကမိန်းကလေးတွေ သဲသဲလူပ်ရုံတင်မက ယောကျာ်းလေးတွေပါ အားကျရလောက်တဲ့ ရုပ်ရည် ခန္ဓာကိုယ်အချိုးအစား အကုန်ပြည့်စုံနေတဲ့ korea-japan ကောင်လေး
သူရဲ့ချောမောတဲ့ ရုပ်ရည်​ရယ် ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းရယ်ကြောင့် တကျောင်းလုံး သူကိုမသိသူမရှိ
ကျွန်တော်တို့ အခန်းက သူလာမှပဲ တနေ့တနေ့ လာရိုးကြတဲ့လူမနည်းဘူး

သူကကျွန်တော့်အရှေ့ခုံမှာ ထိုင်တာ

သူကျောင်းထဲစဝင်တာနဲ့ သူကျောင်းရောက်လာပြီဆိုတဲအကြောင်းက မိန်းကလေးတွေအကုန်နီးပါးသိတယ်ဗျ အင်တာနက်ထက်တောင် မြန်သေးတယ်

အချို့က လာရာလမ်းပဲပေးနေကြ
တချို့က ရဲရဲတင်းတင်းပဲ လိုက်ကြတာ
တကယ် မလွယ်တာကြီး

ရုတ်တရုတ် ပုခုံပေါ်က ခပ်လေးလေးအရာတစ်ခုအတင်ခံလိုက်ရတဲ့အသိကြောင့် ကျွန်တော် နောက်လှည့်ကြည့်မိသည်။
Haruto က ကျွန်တော့်ပုခုံးကို ကိုင်ထားပြီး

"မနေ့က အိမ်စာ အဖြေတိုက်ရအောင်"

ကျွန်တော်က ဘေးမှာ အသဲအသန်ကုံးရေးနေသော junghwan ထံကို မေးဆက်ပြလိုက်ပြီးနောက်

fall in luv with bestfriend (Completed)Where stories live. Discover now