U.8

665 100 0
                                    

"jeongwoo မလာဘူးလား"

"မသိဘူးလေ ဖုန်းကိုဆက်မရ"

haruto တစ်ယောက်
ခါတိုင်းထက် နောက်ကျပြီးမှ ကျောင်းရောက်လာခဲ့တာတောင် နေရာမှာ jeongwoo ရှိမနေသောကြောင့် JungHwan ကိုမေးလိုက်ရခြင်း

jeongwoo က အရမ်းကြိုးစားတဲ့လူ ကျောင်းပျတ်ဖို့မပြောနဲ့ အတန်းတောင်တချိန်မှ မပျတ်ဖူးတဲ့သူမို့လို့ ဒါမျိုးက အထူးအဆန်းသဖွယ်

မနေ့ကတည်းက ဖုန်းလည်းဆက်မရ စာလည်းမပြန် ဝန်ခံပြီး ရှောင်ပြေးနေတာလား
သတ္တိမရှိလိုက်တာ

အမှန်တိုင်းပြောရင် သူပြောလိုက်တော့ လန့်သွားတယ်။ဒါပေမဲ့ ကြိုရိပ်မိနေတဲ့ အခြေအနေကြောင့်မို့လို့ သိပ်တော့ မအံ့သြမိဘူး။ဒါပေမဲ့ ကိုယ့်ဘက်ကရောလို မေးလာရင်တော့ ကိုယ်ကိုယ်တိုင်လည်း မသိဘူး အဲ့ အတွက် အဖြေရှာဖို့တော့လိုတာပေ့ါ

မလာသောသူအဖို့ စာတွေမလွတ်ထွက်အောင် သူ့အတွက်ပါ မှတ်စုလုပ်ပေးနေမိတယ်။

jeongwoo က စာနဲ့ပတ်သတ်ပြီး တခါမှပျတ်ကွက်တာမျိုးမရှိခဲ့တာကြောင့် ဒီလိုပျတ်ကွက်ခြင်းက သူ့ကြောင့်ဆိုပြီး ဝန်လေးနေမိတယ်။

ညနေတော့ အိမ်လိုက်သွားမှဖြစ်မယ်လို့ ဆုံးဖြတ်ထားမိတယ်။တော်တော်လေး မရင့်ကျက်တဲ့ကောင်ပဲ ရှောင်ပြေးတာနဲ့ပြီးရောလား...

ဟော တွေ့ပါပြီ အမိူက်ထုပ်လေးကိုင်ပြီး သူတို့ တိုက်ခန်းလှေကားကနေ ဆင်းလာတဲ့ အကောင်ပေါက်လေး

ဘယ်လောက်ပဲ နွေရာသီဖြစ်ပါစေပေါ့ အပြင်ထွက်ရင်တော့ ဘောင်းဘီရှည်လဲသင့်တာကို
ခုလည်းကြည့်ဦး ဘောင်းဘီတိုနဲ့ ဟိုတခါထဲကပြောချင်နေတာ မပြောလိုက်ရ

Jeongwoo က သူ့ကိုမမြင် ခေါင်းငိုက်စိုက်ပြီး အမိူက်ပြစ်ရာနေရာကိုတန်းတန်းမတ်မတ်........

"ရှောင်နေတာလား...သူရဲဘောကြောင်လိုက်တာ"

နောက်က အသံ...haruto...

ဒီကောင် ဘာလို့ ဒီကို
မျက်နာခြင်းဆိုင်ဖို့ကို မဝံ့ရဲလို့ ပုန်းနေပါတယ်ဆိုမှ အိမ်ထိလိုက်လာတယ် ဘယ်လိုတောင် စိတ်ညစ်ပေးတာလဲ။

fall in luv with bestfriend (Completed)Where stories live. Discover now