U.6

666 104 0
                                    

စာသင်နေရင်း ခိုးခိုးကြည့်ရတာ ဒီနေ့အတွက် JeongWoo ရဲ့ အလုပ် တစ်ခု ဖြစ်နေတယ်။

ခါတိုင်း Haruto က အရှေ့မှာထိုင်တော့ အရှေ့ကိုပဲ ကြည့်ဖြစ်တာ ဒီနေ့ ဘေးနားမှာ ထိုင်တာဆိုတော့ ဘေးကိုပဲ ခေါင်းကလည်နေတယ်။

ဒါကို ရိပ်မိတဲ့ ဆရာမ က

"ပတ်ခ်ဂျောင်ဝူး...စာကြည့်မယ်နော် ok"

JeonhWoo ကမဝံမရဲလေး ခေါင်းညိတ်လိုက်တယ်။ ဆရာမ ဆူသံကြားတော့ harutoက ပါးစပ်လေး လူပ်ရုံမေးလိုက်တယ်။

"wayo? (ဘာလို့လဲ)"

"ဘားမှဟုတ်ဘူး ရူး "

နူတ်ခမ်းနား လက်ညိုးလေးတေ့ပြီး ဘာမှမဟုတ်ဘူးဆိုပြီး စာပြန်ကြည့်နေလိုက်တယ်။
ရိပ်မိမှာဆိုးလို့လေ...

ဒီနေ့ ကန်တင်းမှာတော့ Haruto နဲ့ jeongwoo နစ်ယောက်သာ ...

ကြိတ်ပျော်နေသူက jeongwoo ဘယ်သူမှ harutoနား မရှိတော့ဘူးလေ

ရော့ ဒါစားကြည့် ဆိုပြီး ပါးစပ်ထဲကို ပုစွန်တစ်ကောင် ခွံကျွေးလိုက်တဲ့ haruto ရဲ့ လုပ်ရပ်ကြောင့် လူကောင်က ကျောက်ရုပ်လို ဖြစ်သွားရပြန်တယ်။

"ကောင်းတယ်မလား"

"လတ်ဆတ်နေတာပဲ.... ဒီနေ့ ဟင်းတွေစားကောင်းနေတယ်"

"ဟုတ်တယ် အဲ့တာကြောင့် အစားကောင်းစားမိရင် မင်းက ခေါင်းထဲ auto ရောက်လာလို့ လက်ကမင်းပါးစပ်နားရောက်သွားတယ်..ဟဟ" (harutoတို့ roပြီလေ😌)

စားနေရင်းနဲ့ အရသာကောင်းလွန်းနေတာဆိုတော့ အစားဆို ခုန်မင်တဲ့ jeogwoo ကို ကျွေးချင်စိတ်တွေပေါ်လာတာ သူနဲ့ ဟင်းမတူတာရွေးထားတော့ စားစေချင်လို့ ခွံကျွေးလိုက်မိတယ်

"အယ်လယ့် အယ်လယ့် မင်းငါ့ကို စ်တ်ကောင်းဝင်နေတဲ့ အချိန်လည်းရှိသေးတာပဲ"

"ငါက ကောင်းပြီးသား မင်းသာ ပေါက်ကရလျောက်လုပ်ပြီး ငပေါဖြစ်နေတာ "

jeongwoo က နူတ်ခမ်းကိုထော်ပြီး သောက်ပိုတွေ ဆိုတဲ့ အမူအယာမျိုး လုပ်ပြလိုက်တယ်။

"haruto ဒီမှာ ရှိနေတာပဲ မင်းအကျီရော့ "

ဘေးနားကို ရုတ်တရတ် ရောက်လာပြီး harutoကို junkyu က အိတ်လေးထိုးပေးတယ်။

fall in luv with bestfriend (Completed)Where stories live. Discover now