U.9

675 98 3
                                    

အချိန်ပြည့်ကြောင်း ဘဲလ် တီးတော့ ဖြေထားတဲ့ အဖြေလွှာစာရွက်ကို ဆရာဆီ အပ်ပြီးတာနဲ့ အခန်းပြင်ထွက်လာတဲ့ JeongWoo...

အပြင်ရောက်တာနဲ့ ထမင်းစားရေသောက်အလုပ်တစ်ခုလိုဖြစ်နေတာက Harutoကို ရှာတာပဲ

ဟိုကြည့် ဒီကြည့် ရှာနေဆဲ မတွေ့...။
ကျောင်းသားများလည်း တရုန်းရုန်း ဖြစ့်လို့
မဖြေနိုင်ဘူး ညည်းသူတွေကတစ်စု အဖြေတိုက်နေသော သူများကတဖုံ

တနစ်ပတ်လုံး ပုံမှန်စာလုပ်တဲ့အပြင် TOP ဝင်နေသော JeongWoo အဖို့တော့ အပူအပင် သိပ်မရှိ။

Harutoကို ရှာမတွေ့သေးပေမဲ့ လူတစ်ယောက်ကတော့ ကိုယ့်ဆီကို တန်းတန်းမတ်မတ်လာနေတာ ထိုသူက TOP One ကျောင်းသား Bang YeDamရယ်ပါ။
ကိုယ့်နားရောက်လာတဲ့ YeDam ကို ရယ်ပြရင်း
JeongWooရဲ့ ရွှင်ပြလှတဲ့ ဝသီအတိုင်း စကားစတော့တယ်...

"Top One ကျောင်းသားကြီး YeDam YeDam BangYeDam....."

အရွန်းဖောက်သလို ခပ်နောက်နောက် ပြောတော့ YeDam က ရယ်တယ်။

ဒီကောင်လေး မလွယ်ဘူးပဲ...

"အဲ့လောက်လည်း ငါမတော်ပါဘူးကွာ မင်းကလည်း"

"ဟဟဟ...hyg ကျွန်တော့်ဆီလာတာလား"

"အေးဟုတ်တယ် ဖုန်းဆက်တော့မလို့ပဲ မင်းကိုလှမ်းတွေ့လိုက်တာနဲ့ အတော်ဖြစ်သွားတာ"

"အာ..တကယ်လား"

"အင်း trip ကိစ္စ ပြောမလို့လေ"

"အော် ဟုတ်သားပဲ ကျွန်တော် စာမေးပွဲအတွက် လုပ်နေတာနဲ့ပဲ မေ့သွားတယ် Hygရာ"

"မင်းတို့ဘယ်နစ်ယောက်လိုက်မှာလဲ"

"၄ယောက် Hyg ဟိုမှာလာနေကြပြီ"

မလှမ်းမကမ်းမှာ Haruto DoYoung JungHwan တို့ ၃ယောက် သား လာနေတာကိုမြင်တဲ့ JeongWoo က လက်ညိုးထိုးပြီး ပြလိုက်တယ်။

"သူတို့ ၃ယောက်က ဘယ်လိုဆုံလာကြလဲ မသိ"

JeongWoo ပြောသံကို ကြားတဲ့ DoYoungကပဲ "ငါတိုက အခန်းတူတူပဲ"

"အော် အေအေ "
တဆက်တည်းပဲ JeongWooက YeDam ဘက်ကို လက်လေးပြပြီး ဆက်ပြောတယ်

"Hygက နူတ်ဆက်ပွဲလိုက်မဲ့သူ လာမေးတာ မင်းတို့အကုန်လိုက်မှာမလား"

fall in luv with bestfriend (Completed)Where stories live. Discover now