Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-2
စုတ်ချက်တစ်ချက်စီတိုင်းမှာသက်ဝင်
နေတဲ့ Gulfပုံလေးကိုကြည့်ရင်း သဘော
တွေကျနေမိတယ် Mew အချစ်ကိုမယုံ
ကြည်ခဲ့တဲ့သူတစ်ယောက်မှာ မြင်မြင်ချင်းအချစ်ကို တွေ့သွားရတော့ပိုပျော်ရလေတယ် သူအပျော်တွေကိုထိန်းချုပ်မရတာနဲ့Lhong ဆီကိုဖုန်းခေါ်လိုက်လေသည်။တူ.....တူ....
" ဟာ...Mew ဒီချိန်ကြီးကွာ ဘာလဲလိုအပ်ပြန်ပြီလား "
" Lhong အဲ့အတွက်ဖုန်းဆက်လိုက်တာမဟုတ်ဘူးကွ "
" ဒါဆို ဘာအတွက်လဲ "
" ငါအချစ်ကို တွေိ့သွားပြီကွ ငါအခုချိန်
ထိရင်ခုန်သံတွေ ထိန်းချုပ်လို့ကိုမရသေးတာ ငါသူ့ကိုချစ်မိသွားပြီ "" ဟာ...မင်း တကယ်ကြီးလား "
" အေး တကယ် ငါ့ထက်ငယ်နေတယ် "
" ငယ်လည်း ဘာဖြစ်လဲ မင်းနော် အနုသီးကို အရမ်းသွားမလုပ်နဲ့ သူ့ကိုလေ မင်းဘက်ကိုရောက်အောင် ဆွဲခေါ်ကြည့်ဦး "
" အရင်ဆုံးရင်းနှီးအောင်လုပ်ရမယ်ပြီးမှ
သူ့ကိုဖွင့်ပြောတော့မယ် "" အေး ကောင်းတယ် အိပ်ရေးပျက်တယ်
ကွာ ဒါပဲ "Lhong ဖုန်းချသွားပြီးနောက် ဆွဲထားတဲ့
ပန်းချီကားချပ်လေးကို တန်ဖိုးထားပြီး
ကားချပ်တွေစုထားတဲ့ အခန်းထဲမှာသိမ်းထားလိုက်ပါတော့သည်။တစ်ဖက်မှာတော့..
P'Mew အိမ်ကပြန်လာထဲကGulfတစ်ယောက် ရင်တွေအရမ်းခုန်လာလို့ဘာလဲ
မသိပေမဲ့ P'Mew နားမှာနေရတဲ့ချိန်ဆိုရင်သူပျော်တယ် နွေးထွေးသလိုခံစားရတာကြောင့်ထင်တယ်ဆိုပြီး အိပ်ယာဝင်လိုက်ပါတောသည်။After Morning...
မနက်၃နာရီကျော်မှ Mew အိပ်ယာဝင်တော့နေ့လယ်လောက်မှ နိုးလာပါတော့
သည်။ဖုန်းကနာရီကို ကြည့်မိရာ Gulfရဲ့
ကျောင်းချိန်ကိုသတိရသွားပြီးအိပ်ယာကနေအမြန်ထလိုက်ကာ ရေချိုးခန်းထဲဝင်ပြီးအမြန်ချိုးလိုက်ပါတော့သည်။ရေချိုခန်းထဲကပြန်ထွက်တော့အဝတ်အ
စားလဲရန် ဘီဒိုရှေ့ရပ်ကာ ဘာဝတ်ရင်
ကောင်းမလဲဆိုပြီး စဥ်းစားနေမိတယ်။
အပြင်သွားမယ်ဆို လွယ်တာကောက်ဝတ်နေကျကို အခု Gulfဆီကိုသွားမယ်ဆိုကာမှ ကိုယ့်ကိုကိုယ်လည်း အံ့ဩမိတယ်မြင်မြင်ချင်းကို ချစ်မိသွားခဲ့တာမို့ထင်တယ်.....