Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-9
လွန်ခဲ့သော၅လခန့်က
မောင်ဖြစ်သူကိုရှာနေတာ၁လပြည့်ခဲ့ပြီလေဘယ်လိုရှာရှာမတွေ့ဖြစ်နေတော့
Sofiaတစ်ယောက် ခေါင်းမီးတောက်ရလေပြီ....သူ့မောင်ကိုတစ်ဖက်ကလိုက်ရှာ အလုပ်
ကိစ္စတွေရှိတာကြောင့် P'Mewကိုလည်း
ဖုန်းဆက်အကျိုးအကြောင်းမေးတာတွေမလုပ်မိတော့ဘူး။စိတ်ဆိုးနေတာလည်းပါတယ်လေ မောင်ဖြစ်သူထွက်သွားတာP'Mew ပယောဂမကင်းဆိုတာလည်းသိထားတော့ အဆက်အသွယ်မလုပ်ဖြစ်အောင် Sofia နေလိုက်လေသည်။တစ်ရက်မှာ...
Ring....Ring.....
ခရီးကပြန်ရောက်လို့Sofiaဧည့်ခန်းမှာခဏနားနေချိန်ဖုန်းဝင်လာလို့ကောက်ကိုင်လိုက်လေသည်။
" ဟဲလို Gulf Kanawut ရဲ့အမ Sofia နဲ့ပြောချင်လို့ပါရှင့် "
" ဟုတ်ကဲ့ Sofia ပြောနေပါတယ် "
" အော်ဟုတ်ကဲ့Gulfကလေ.....................
အဲ့ဒါပါပဲရှင် "" ရှင် ! "
ဖုန်းကိုင်ထားတဲ့လက်တွေတုန်ယင်လာပါတော့သည်။တစ်ဖက်ကလူပြောနေတဲ့စကားတွေကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေပါတော့သည်။
" ဘယ်လိုတွေ ဖြစ်ရတာလဲရှင့် "
" လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ကျမတို့
ဆေးရုံကို ရောက်လာတာပါ လူနာကို
ကျမတို့ မြို့ပေါ်ကဆေးရုံကြီးမှာတက်ကုဖို့ပြောတာကို လူနာကလက်မခံလို့ အမဖြစ်သူကို ဖုန်းဆက်လိုက်ရတာပါ
ရှင့် "" ကျမ အခုချက်ချင်းလိုက်လာမယ် နေရာလေးပြောပြပေးပါ "
" ဟုတ်ကဲ့ပြောပြပေးမယ် လူနာရှင်အနေနဲ့စိတ်ဓာတ်ကြ့ံခိုင်မှဖြစ်မယ်နော် လူနာကတော်တော်လေး စိတ်ဓာတ်ကျနေတယ် "
" ဟုတ်ကဲ့ အခုလိုဖုန်းဆက်ပြောပေးတာကိုပဲ ကျေးဇူးတင်ပါတယ် "
Sofiaတစ်ယောက် ဖုန်းပြောပြီးတာနဲ့ဆေးရုံကိုသွားဖို့ အထုတ်အပိုးပြင်ပါတော့သည်။P'Jame ကိုလည်းဖုန်းဆက်လှမ်းပြောလိုက်လေသည်။