Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-10
Mewတို့နှစ်ယောက်အပြန်အလှန်စနောက်ကျီစယ်နေပါတော့တယ်။
" ကလေး ကိုကို့ကိုပြပါဦး "
" ကိုကို ကျနော် လူနာနော် "
" ကလေး ဘာတွေအတွေးချော်နေပြန်ပြီ
လည်း ကိုကိုပြောတာ မျက်နှာပြောတာ "" အဟွတ်....အဟွတ်.... ကိုကိုကတော့ "
" ကလေးရယ် မောနေမယ် ကိုကိုပဲပြော
မယ် ဟုတ်ပြီလား "Gulf ကိုကြည့်ရတာ အစားမဝင်ဘူးထင်
တယ် အစားဝင်မှရောဂါကိုတွန်လှန်နိုင်မှာမလား Mew နောက်ရက်တွေကြိုးစားရမယ်ဆိုပြီး တွေးထားလိုက်ပါတော့
သည်။" အဟွတ်...လည်ချောင်းခြောက်....သွား
လို့ပါ ကိုကိုရယ် "" အင်းပါ ကိုကိုပြောတာပဲနားထောင်ပေး
ဟုတ်ပြီလား "" အွန်း...ဟင်! ကိုကို့လက် ဘာဖြစ်တာလဲ"
" ဒါလား ဘာမှမဟုတ်ဘူးနော် ကလေး
စိတ်မပူနဲ့ ကိုကိုခဏနေဆေးလူးလိုက်မယ် အခု ကလေးရေသောက်မလား "" ဟုတ်...သောက်မယ် "
ကိုကို ရေခပ်ပေးနေတာကိုGulfကြည့်နေ
မိတယ် လက်ကတစ်ခုခုနဲ့ထိမိလာတာနေမယ် ကိုကိုက ပန်းချီဆရာမို့လက်ကိုဂရုစိုက်နေရတာ အသိပဲလေ..." ကလေး ဘာစားချင်သေးလဲ "
" မစားချင်ဘူး အော့.... "
Gulf ရေသောက်နေရင်းပျို့တက်လာပါတော့တယ် ရေရောအရှေ့ကစားထားတဲ့
အစာတွေရော တက်လာပါတော့တယ်။" ကလေး ထွေးချလေ ဘာလုပ်တာလဲကိုကို လက်ပေါ်ကို ထွေးချလေ "
Gulf အားနာနေမိတယ် ကိုကိုကသူ့ရှေ့ကိုလက်ထိုးခံပေးရှာတယ် အောင့်ထားပေမဲ့ရတော့ ကိုကို့လက်ပေါ်ထွေးချလိုက်ပါတော့သည်။
" အော့...ဟင်း....ကိုကို "
" ရတယ် ကိုကို့ိကို အားနာစရာမလိုဘူး "
ကိုကို အိမ်သာထဲကိုဝင်ကာလက်ဆေးနေတော့ ကိုကို့ကို ပိုပိုပြီးချစ်လာပါတော့တယ် အနစ်နာခံတတ်တဲ့ကိုကို့ကိုထားသွားရမှာ စိတ်မချတော့ဘူးလေ တွေးရင်းမျက်ရည်တွေကျလာပါတော့သည်။