Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-11
🎊You Can Marry Me?🎊ဆိုတဲ့စာတန်းလေးကိုင်ကာရပ်နေတဲ့ကိုကို့ကိုတွေ့လိုက်ရလေသည်။
Gulfရင်ထဲပြောမပြတတ်လောက်အောင်
ပျော်ရွှင်ရတယ် သူ့ကိုဘယ်တော့မှလက်တွဲမဖြုတ်ဘဲတစ်သက်လုံးကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးလျှောက်လှမ်းသွားမဲ့သူဆိုတာ ကိုကိုပဲရှိတာပါဗျာဆိုပြီးစိတ်ထဲကနေရေရွတ်နေမိတယ်...မနက်ပိုင်းတစ်ပိုင်းပျောက်ချက်သားကောင်းနေတာ အခုလိုစီစဥ်နေလို့မလာ
တာဆိုတာကို သဘောပေါက်သွားရလေ
သည်။ဆေးရုံခေါင်မိုးထပ်မှာ အလှဘောလုံးတွေဆင်ထားပြီး ကော်ဇောအနီရောင်လျှောက်လမ်းလေးရယ် ကျနော့်ကိုနေကြာပန်းစီးလေး လက်ထဲလာထည့်ပေးတဲ့သူနာပြုဆရာမလေး ဆရာဝန်ရောသူနာပြုတွေရော နောက်အမ၊P'Jame၊P'Lhong၊Noနဲ့Champတို့အပါအဝင်ရောက်ရှိနေကြပါတော့
တယ်။ကိုကို့ကသူ့ကိုပြုံးပြီး စိုက်ကြည့်နေတယ်ကိုကို့မျက်နှာက အရင်နေ့တွေနဲ့မတူတဲ့ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ကျနော့်ကိုစိုက်ကြည့်နေခဲ့တယ်။
Gulfတစ်ယောက် Suprise တိုက်ခံရတာ
ကြောင့် အံ့ဩမှင်သက်နေတဲ့ပုံနဲ့ကော်ဇောအနီလေးပေါ် လမ်းလျှောက်လာချိန်မနက်ကအကြောင်းလေးတွေ
ခေါင်းထဲရောက်လာပါတော့သည်။Flash Back 🔙
" ဆရာ့ကို ကျနော် တစ်ခုတောင်းဆိုစရာ
ရှိတယ် Gulf ကိုအပြင်ခဏခေါ်သွားလို့
ရမလား "" ဒီအချိန် အပြင်ထွက်လိုက်ရင် ဘက်တီးရီးယားပိုးတွေကူးကုန်လိမ့်မယ် အမြန်ခွဲစိတ်နိုင်အောင်လို့ပါ "
" ဒါဆို ကျနော့်ကို တစ်ခုလောက်ကူညီနိုင်မလား ဆရာ "
" P'Mew ဘာလုပ်မလို့လဲဟင် "
" အကို Gulfကိုလက်ထပ်ခွင့်တောင်းချင်လို့ ဒီလိုပျော်စရာနေ့လေးကိုလက်လွှတ်မခံချင်လို့လေ "
" P'Mewသဘောပါ Sofiaကတော့သဘောတူပြီးသားပဲလေ "
" ကျေးဇူးပါ Sofia အော်..ဆရာကျနော့်ကိုကူညီပေးနိုင်မလား "