Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-8
Falsh Back🔙
Gulf ပန်းချီစာအုပ်လေးကိုင်ပြီးအတွေးပေါင်းစုံချာချာလည်နေမိတယ်ဘာလို့ကိုကိုက မသိသလိုဟန်ဆောင်နေတာလဲ
Tar ကရောသူ့ကိုဘာလို့မပြောတာလဲငါ့
ကိုအရူးလုပ်နေကြတာလား ဘာလည်းဘာတွေလည်းကွာ ပြောပြဖို့သင့်တယ်လေ ငါ့အချစ်တွေကို ကိုကိုကမယုံလို့လားကိုကို့အတိတ်ကကိ္စ္စမှန်သမျှလက်ခံပေးထားခဲ့တာလေ ဒါကို အကုန်မပြောပဲထိမ်ချန်ထားတာဘာကြောင့်လဲ ချစ်သူတွေမှာပွင့်ပွင့်လင်းလင်းမရှိရင် အချိန်တန်ရင်ပြတ်ထွက်သွားမှာကို ကိုကိုမသိခဲ့လေသလား...ပန်းချီစာအုပ်လေးထဲက ဆိုင်းထိုးထားတဲ့နေရာလေးမှာ ချစ်တယ် Tarလို့ထိုးထားတာကို မျက်လုံးထဲမြင်လာရတယ်သူကကိုကို့အတွက် ပုံတူဆြဲတာ ပထမဦးဆုံးလူမဟုတ်ခဲ့ဘူးလားငါ...ငါက..
ကိုကို့အတွက်ဘာလဲ...Gulf တစ်ယောက်ထဲအမှောင်ကြီးထဲထိုင်နေမိတယ် အသိစိတ်ဆိုတာသူ့ဆီမှာမရှိတော့ ဆိုဖာပေါ်ထိုင်နေချိန် ကိုကိုပြန်လာတာကိုတောင် မသိတော့ဘူးပေါ့ ကိုကို့အသံကို ကြားတော့မှအသိပြန်ဝင်လာရလေသည်။
Flash End🔚
" ဟာ...ကေလး အမှောင်ထဲဘာထိုင်လုပ်နေတာလဲ "
Gulf အနားကိုလျှောက်သွားတော့လက်ထဲကစာအုပ်တစ်အုပ်ကိုင်ထားလို့်Mew
အကြည့်တစ်ချက်ရောက်သွားပါတော့တယ်။အဲ့ဒါ သူ့ပန်းချီစာအုပ်ပဲအဲ့ထဲမှာကဟာ...သွားပြီ Tar ပုံတွေတွေ့သွားပြီပဲ..." ကေလး ကိုကိုရှင်းပြမယ် ကိုကိုလေဖွင့်
ပြောဖို့ အချိန်.... "" ကျနော်တို့ ခဏခွဲနေရအောင် "
Mewစကားပြောနေချိန် Gulf ဖြတ်ပြောလိုက်တဲ့စကားကြောင့်ကြောင်သွားရလေသည်။
" ကေလး ဘာပြောတယ် ကိုကိုရှင်းပြတာကို နားထောင်မပေးနိုင်ဘူးလား "
" ကျနော် လိမ်တာမကြိုက်ဘူး ကိုကိုအခုတော့ ဘာတွေစိုးရိမ်နေလို့ လိမ်ရတာလဲ "
" ကိုကို ကလေးကိုဆုံးရှုံးရမှာကြောက်လို့ပါ...အရမ်းကြောက်လို့ "