Unicode
💦 ဆေးမှင်ရည် ချည်သောကြိုး💦
Extra
လေးနှစ်ခန့်ကြာသော်...
ကိုကိုနဲ့ကျွန်တော် လက်ထပ်ခဲ့တာ၄နှစ်
လောက်ကြာခဲ့ပေမဲ့ စကားအနိုင်လုပြောတာတွေပဲ ရှိခဲ့တယ် ကိုကိုကအလျော့ပေးတာများတယ်လေအခုလည်းသူများဆီအလုပ်ဝင်လုပ်မှာစိုးတာကြောင့် ပန်းချီပြခန်းကို P'Jameနဲ့ရှယ်ယာစပ်တူလုပ်ကြပြီး ကိုယ်ပိုင် ပန်းချီပြခန်းဖွင့်လိုက်ပါတယ်။ ပြခန်းကိုအချိန်ပိုင်း လာငှားကြရင်လည်း ကိုကိုကလက်ခံပေးတယ်။အဲ့ဒီပြခန်းမှာ ကျွန်တော့်ကိုပြခန်းမှူးအနေနဲ့ခန့်ထားပါတယ်ဗျ...." ကလေး ဒီပန်းချီကားကို အဲ့လောက်ကြိုက်ရလား "
ပန်းချီကားချပ်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံး နှစ်ချပ်ရှေ့မှာပဲအားတဲ့အချိန်တိုင်း ရောက်နေပါတော့တယ်။အခုလည်း ကိုကိုတစ်ယောက်အနောက်ကနေလာဖက်ပြီး ပုခုံးပေါ်မေးစေ့တင်ကာမေးလာတဲ့ ကိုကိုကြောင့် Gulfလည်းကိုကို့လက်ကို ပြန်ကိုင်လိုက်ပြီး....
"အွန်း ကြိုက်တယ် ကိုကိုဆွဲတဲ့ပန်းချီတိုင်းကိုကြိုက်တယ် ဒါပေမဲ့.... "
ကလေး ကြိုက်တဲ့ပန်းချီကားတစ်ခြားမဟုတ်ဘူး သူ့ပုံတူပန်းချီကားချပ်လေးရယ်ဟန်းနီးမွန်းထွက်ခဲ့စဥ်က နေကြာ
ပန်းခင်းကြီးထဲက အိမ်လေးရယ် လူနှစ်ယောက်ရယ် ဆွဲထားတဲ့ပန်းချီကားချပ်လေးရယ်ပေါ့...." ကိုကို သိတာပေါ့ကွာ ကလေးအနားမှာရှိနေလို့ ကိုကို့ရဲ့ ဆေးစက်တွေပီပြင်လာရတာလေ "
" ကိုကို လျှာရိုးမပါတိုင်း အပိုတွေပြော
နေပြန်ပြီ ကျွန်တော့်ကို တစ်ခြားအလုပ်မလုပ်ခိုင်းပဲ ဒီမှာဘာလို့လာခေါ်ထားတာလဲ "" ကလေးကို ကိုကို့အနားမှာခေါ်ထားချင်လို့လေ ဘယ်လိုလဲ ကိုကို့အကြံပိုင်တယ်
မလား "" ပိုင်ပါ့ ကိုကိုလူလည်ကြီး "
" ဟောဒီ ကိုကိုလူလည်ကြီးက ဘယ်လိုလုပ်မလဲသိချင်လား ကဲကွာ.... "
မျက်နှာချင်းဆိုင်ဖြစ်အောင် ကိုကိုကဆွဲလှည့်လိုက်ပြီး ကျွန်တော့်ကိုပါးတွေကိုအနားမပေးပဲနမ်းပါတော့သည်။ပြီးနောက်နှုတ်ခမ်းလွှာထက်ဆီမှာ ကိုကို့ရဲ့ချိုမြိန်တဲ့အနမ်းတွေ လာရောက်ဖိကပ်
ပါတော့တယ်။