Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-4
Gulf တစ်ယောက်သူ့လက်ကိုရုန်းကာပြေးထွက်သွားတာကို Mewဒီတိုင်းကြောင်ပြီးရပ်ကြည့်နေမိတယ် နောက်မှသတိရပြီးGulf အနောက်ကိုလိုက်တော့ Taxi ကားပေါ် တက်သွားတာကိုတွေ့လိုက်ရလေသည်။
Mew ခြေမကိုင်မိလက်မကိုင်မိ ဆောက်
တည်ရာမဲ့နေပြီလေ Gulfဆိုတဲ့လူသားလေး အထင်လွဲသွားပြီမလား...ဒါဟိုကောင့်လက်ချက်ပဲဆိုပြီး ဆိုင်ထဲကိုပြန်ဝင်လိုက်တော့သည်။
ခွပ်...
" Mew မင်း စိတ်ထိန်း "
Lhong အခန်းထဲမှာ အဆင်သင့်တွေ့နေ
ရတော့ ဒေါသကငယ်ထိပ်ထိရောက်သွားပြီး Mewလက်တို့နဲ့ ဆွဲထို်းလိုက်ပါတော့သည်။" P'Mew ကျနော့်ကို ဘာလို့ထိုးတာလဲ "
" မင်း ငါ့ချစ်သူနဲ့ အထင်လွဲအောင်လုပ်လိုက်ပြီ ဒါကိုမင်းသိရဲ့လား "
" Gate မင်းဘာတွေလုပ်လိုက်တာလဲ "
" ဒီကောင် ငါ့ကိုဖက်နမ်းတယ်ကွ Gulf
မြင်ပြီး အထင်လွဲသွားပြီ ငါမင်းဆိုင်ကိုလာဖြစ်မှာမဟုတ်တော့ဘူး ငါသွားပြီ "" Mew...Mew... "
Lhongခေါ်တာတောင် Mew လှည့်မ
ကြည့်တော့ပဲ အဝတ်အိတ်တွေဆွဲကာအိမ်ကိုပြန်လာပါတော့သည်။လမ်းမှာ ဖုန်းCallတစ်ခုဝင်လာတော့ ကောက်ကိုင်လိုက်ရာ..." Mew "
" P'Jame ဘာကိစ္စရှိလို့လဲ "
" မင်းကို အားနာတယ်ကွာ ပန်းချီဆွဲတာ
ရပ်လိုက်တော့နော် ဆက်မဆွဲဖြစ်တော့ဘူးငါ့ချစ်သူက သူ့မောင်ကိုမင်းဆီမလွှတ်တော့ဘူးတဲ့ "" ဘယ်လို "
Mew အာရုံထဲမှာ [ " ကျနော့်အမက ပန်းချီဆွဲတာကန့်ကွက်ထားတယ်မလာဖြစ်တော့ဘူး "] ဆိုတဲ့ Gulf စကားတွေကိုMewကြားယောင်နေမိပါတော့သည်။
" ဟုတ်တယ် Mew မင်းgayကဆိုတာကို
သူသိသွားတယ် သူ့မောင်နဲ့စိတ်မချဘူးဆိုပြီး ပန်းချီဆွဲနေတာကို ရပ်ခိုင်းတယ် "" ကျနော့်ကို Gulf အမ ဖုန်းလေးပေးပါလား ကျနော် ပြောစရာရှိလို့ ကူညီပါ
P'Jame "