Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-3
တိတ်ဆိတ်နေတဲ့လမ်းထက်မှာကားလေးတစ်ရွေ့ရွေ့သွားနေပါတော့တယ်။
" ညီ ပြောတဲ့လိပ်စာကိုရောက်ပြီ "
Gulf ဘက်က ပြန်ဖြေသံမကြားလို့Mew
လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေတာ
ကိုတွေ့လိုက်ရလေသည်။" ဟာ...ဘယ်လိုလေးလဲကွာ အရမ်းချစ်ဖို့ကောင်းလိုက်တာ "
Mew တစ်ယောက်Gulf မျက်နှာလေးကို
မျက်တောင်တစ်ချက်မခတ်စိုက်ကြည့်နေမိတယ်။စိုက်ကြည့်နေရင်းGulfရဲ့နှုတ်ခမ်းလေးဆီကို အကြည့်ရောက်သွားတော့Mew ရေဆာလာသလိုဖြစ်
လာပြီး Gulfနှုတ်ခမ်းဆီကို သူ့နှုတ်ခမ်းနဲ့ဖိကပ်နမ်းမိလိုက်တော့လေသည်။Gulf အိပ်ပျော်နေရင်း သူ့နှုတ်ခမ်းဆီသို့
ခပ်နွေးနွေးအရာတစ်ခုရောက်လာတော့
မျက်လုံးဖြည်းဖြည်းဖွင့်ကြည့်လိုက်ပါလေသည်။" P'Mew "
နမ်းနေတုန်း သူခိုးလူမိသွားသလိုမို့ Mew
ဘာပြန်ပြောရမှန်းမသိဖြစ်နေပါတော့
သည်။" အာ...အာ...အကို တောင်းပန်ပါတယ်
စိတ်မထိန်းနိုင်လိုက်ဘူးဖြစ်သွားလို့ "Gulf ရုတ်တရက်မို့လန့်သွားမိပေမဲ့
P'Mewအနမ်းတွေက သိပ်ကိုချိုမြိန်းလွန်းခဲ့ပါတယ်..." ကျနော်...သွား....သွားတော့မယ် "
Gulf ကားပေါ်က အလျင်အမြန်ဆင်းသွားတော့ Mew အနောက်ကလိုက်ဆင်းသွားကာ Gulf လက်ကိုဆွဲထားလိုက်တော့သည်။
" ညီ....နေဦး "
" P'Mew "
" အကို့ကို ညီစိတ်ဆိုးသွားတာလား "
" မဟုတ်...မဟုတ်...ကျနော် ရုတ်တရက်
ကြီးကျတော့... "" ညီ့နှုတ်ခမ်းလေးက လာနမ်းပါလာနမ်းပါလို့ ပြောသလိုဖြစ်နေတယ် အဲ့ဒါနဲ့ ... "
Gulfခေါင်းငုံ့ကာနားရွက်အသေးလေးတွေကအစ နီရဲနေတာကို Mewတွေ့လိုက်ရလေသည်။
" ကျနော် အိမ်ထဲဝင်တော့မယ် "
" အိုကေ...အိုကေ... ပေးထားတဲ့အမှတ်တွေကို မနှုတ်ဘူးမလား "