Unicode
💦ဆေးမှင်ရည် ချည်သောကြိုး💦
Part-7
Gulf တစ်ယောက် ကိုကို့အိမ်မှာနေခဲ့တဲ့
၃လအတွင်းမှာ ကြီးကြီးကျယ်ကျယ်စကားများဘူးကြတာမရှိ သူ့အပေါ်ကိုကိုကအလျော့ပေး အလိုလိုက်တာများတယ်..." Gulf မင်းစားဘဲကြီးက ဂရုစိုက်ရဲ့လား
ကွ "" ဘောကို စားဘဲကြီး နာမည်ရှိတယ်ကွ "
" No မင်းကလေ ပါးစပ်ကငြိမ်ငြိမ်မနေဘူးလား သူတို့ဘာသာအဆင်ပြေနေတာ
ကိုကွာ "" Champမင်းရောမသိချင်ဘူးလား
P'Mewရဲ့ အရင်အဆက်ဟောင်းတွေရှိရင်ရှိမယ်လေကွာ ပြန်ရောက်လာခဲ့ရင် ငါတို့သူငယ်ချင်းထားခဲ့မှာကို စိုးရိမ်တာကွ "" No ငါပြောမယ် အခုလေ P'Mewက
Gulfအပေါ် အရမ်းဂရုစိုက်ချစ်ပေးနေတာကိုငါတို့မြင်နေရတယ်လေ ငါတို့ကဘေးကလူပဲဆိုတော့ ကြည့်ပဲကြည့်နေလိုက်ကြမယ်လေ "" ငါ့ကို ကိုကိုက အရမ်းလည်းချစ်ပေးတယ် ဂရုလည်းစိုက်ပါတယ် သူနဲ့အခု၃လအတွင်းမှာ ငါ့ကိုမျက်နှာတစ်ချက်မညိုးရအောင် ဂရုစိုက်ပေးတာ အရင်လူတွေပေါ်လာခဲ့ရင် ငါ့ကိုထားသွားမှာမဟုတ်ဘူးဆိုတာကို ငါယုံတယ် "
" အေးဘာကွာ မင်းခံစားရမှာကိုစိုးရိမ်မိ
လို့ပါ ဟော...ဟိုမှာ P'Mew လာကြိုနေပြီ "Noတို့နဲ့ စကားပြောနေစဥ် ကိုကိုကားလေးကို တွေ့လိုက်တော့ Gulf ကားနားကိုပြေးပြီးသွားလိုက်လေသည်။
" ကလေး အကြာကြီး.... "
Gulfက သူ့ရင်ခွင်ထဲပြေးဝင်လိုက်တာကြောင့် Mew ကြောင်သွားရလေသည်။
" ကလေး ဘာဖြစ်တာလဲ ဘယ်သူစိတ်ရှုပ်အောင်လုပ်လိုက်တာလဲ "
" ဟင့်အင်း ကိုကို့ကို လွမ်းလို့ "
" အချိန်ခဏလေးပဲ ရှိပါသေးတယ်ကလေးရာ ကဲကလေးဘာစားချင်သေးလဲ တခြားဘာဝယ်စရာရှိသေးလဲ "
" ဘာမှမလိုချင်ပါဘူး ကိုကိုသာကျနော့်
အနားနေပေးရင် ကျေနပ်ပြီ "" အင်းပါ ကလေးရာ အိမ်ရောက်ရင်အာဘွားတွေအများကြီးပေးမယ် ဟုတ်ပြီလား"