Part-1

633 43 1
                                    

ဟိုင်းဝေးလမ်းတစ်ခုတွင် ကားနှစ်စီးသည် အမြန်နှုန်းဖြင့်မောင်းနှင်လာသည်။ ရှေ့ကားကို နောက်ကားမှဝင်တိုက်လာရာ အရှိန်ဖြင့်လမ်းတစ်ဖက်သို့လွင့်စင်သွားသည်။ ထိုသူကားထဲမှထွက်လာ၍
ကျန်ကားပိုင်ရှင်ကိုအပြင်သို့ဆွဲထုတ်ကာ သေနတ်ဖြင့် နဖူးတည့်တည့်အားချိန်ရွယ်ထားသည်။ ထိုအချိန်တွင်
"Joon"
ထိုသူ၏နောက်၌ သူနှစ်သက်ရသည့် အသံချိုချိုတွင် စိုးရိမ်နေသည့်အသံများရောထွေး၍ တုန်လှုပ်စွာသူ့နာမည်အားခေါ်လာသူ တနည်း သူမြတ်နိုးရသောသူ
"Joon....မင်းအဲ့လိုမလုပ်ပါနဲ့ သူ့အပြစ်တွေကိုထောင်ထဲမှာပဲ ပေးဆပ်ပါစေနော်"
"ဘာလဲ ဒီလူကမင်းအဖေဖြစ်နေလို့လား မင်းသူ့ကိုကာကွယ်မပေးနဲ့"
"မဟုတ်ဘူး Joon ငါကာကွယ်ပေးနေတာမဟုတ်ဘူး မင်းလက်ထဲကသေနတ်ကိုချလိုက်ပါကွာ...နော်...ငါပြောတာနားထောင်ပါ"
အနောက်မှသိုင်းဖက်ကာ သူ့လက်အားကိုင်၍သေနတ်အားဖြေးဖြေးချင်းအောက်သို့ချစေကာ ရင်ခွင်ထဲတိုးဝင်လာသောမြတ်နိုးရသူ
ထိုချိန်တွင် သူ့နောက်မှမြင်ရသော မြင်ကွင်းကြောင့် တပတ်လည်ကာ ချစ်ရသူကို ကာကွယ်လာသောကျောပြင်တစုံ
"Hoba!!!!!!!!!"
"မဟုတ်  မဟုတ်ဘူး ဒီလိုမဖြစ်ရဘူးလေ အချစ် မင်းဒါဘာလုပ်လိုက်တာလဲကွာ ကို့ကိုကြည့်ပါဦး မအိပ်လိုက်ပါနဲ့နော်
ကို ဆေးရုံခေါ်သွားပေးမယ် မင်းဘာမှမဖြစ်စေရဘူး...နော်..နော်လို့ hoba"
တုန်ရီစွာ မြတ်နိုးရသူကိုယ်ငယ်အားပွေ့ဖက်ကာ ပြောနေသော Joon
"မင်းဘာမှမဖြစ်လို့ ကျေးဇူးပါ
ဒီနာကျင်မှုတွေကိုငါပဲယူပါရစေ" ပြောပြီးသည်နှင့် အရည်ကြည်လဲ့နေသော မျပ်ဝန်းတစ်စုံကပိတ်၍ကျသွားသည်
"မဟုတ်ဘူး ကို့ကိုမနောက်ပါနဲ့တော့ မဟုတ်ဘူး မင်းဒီလိုလုပ်လို့မရဘူး ထထလို့ ဂျောင်ဟိုဆော့
အားးးးးးးးးးးးး"
တဖက်တွင်လည်း မြေပြင်တွင်အရုပ်ကြိုးပျက်ထိုင်ချကာ ကြောင်အနေသူ။

#Cora

ဖတ်ရတာအမှားပါရင်တောင်းပန်ပါတယ်နော်
ပထမဆုံးficလေးပါ
လိုတာရှိရင်ပြောပါနော်💖💖

Between Hate & LoveWhere stories live. Discover now